စမောလင်းနှင့်ဖီးလ်ဂျံုးစ်ကို မန်ယူနိုက်တက်ရောင်းထုတ်ဖွယ်ရှိ

စမောလင်းနှင့်ဖီးလ်ဂျံုးစ်ကို မန်ယူနိုက်တက်ရောင်းထုတ်ဖွယ်ရှိ

 

ဖေဖော်ဝါရီ ၁၃၊ မန်ချက်စတာ။                         ။ မန်ယူနိုက်တက်နည်းပြမော်ရင်ဟိုသည် လာမည့်နွေရာသီတွင်နောက်တန်းကိုအပြောင်းအလဲကြီးကြီးမားမားပြုလုပ်ဖွယ်ရှိပြီး စမောလင်းနှင့် ဖီးလ်ဂျုံးစ်တို့မှာ ရောင်းထုတ်ခံရဖွယ်ရှိနေသည်။

အင်္ဂလန်နောက်တန်းအတွဲဖြစ်သည့် စမောလင်းနှင့် ဖီးလ်ဂျုံးစ်တို့၏ခြေစွမ်းနှင့်ပတ်သက်ပြီးဝေဖန်မှုများထွက်ပေါ်နေချိန်တွင် မော်ရင်ဟိုကလည်း ဗဟိုခံစစ်အတွဲသစ်ကိုရှာဖွေလိုနေခြင်းဖြစ်သည်။

မော်ရင်ဟို၏ မန်ယူနိုက်တက်အသင်းမှာ တနင်္ဂနွေနေ့က နယူးကာဆယ်အသင်းကို ၁-၀ ဂိုးဖြင့်ရှုံးနိမ့်သွားပြီးနောက် ပရီးမီးယားလိဂ်အမှတ်ပေးဇယားဒုတိယနေရာတွင်ရပ်တည်နေဆဲဖြစ်သော်လည်း အဆင့် ၄ အတွင်းဝင်ရေးအတွက် လီဗာပူးလ်၊ စပါး၊ ချယ်လ်ဆီးတို့နှင့် ပိုမိုပြိုင်ဆိုင်ရမည့်အနေအထားသို့ရောက်သွားခဲ့သည်။

လီဗာပူးလ်နှင့် မန်စီးတီးတို့က ဗန်ဒိုက်နှင့် လာပေါ်တီအတွက် ပေါင် ၇၅ သန်းနှင့် ပေါင် ၅၇ သန်းအသီးသီးသုံးစွဲထားသည်ကို မြင်တွေ့ထားသည့် မော်ရင်ဟိုအနေဖြင့် နောက်တန်းအတွက်ငွေသုံးရန်လိုပြီဟု အသင်းဘုတ်အဖွဲ့ကိုတိုက်တွန်းရန်ရှိနေသည်။

အသင်းအနေဖြင့် လက်စတာနှင့်အင်္ဂလန်နောက်ခံလူ ပေါင်သန်း ၅၀ တန် ဟာရီမက်ဂွိုင်းယား၊ ရီးယဲလ်မက်ဒရစ်မှ ပြင်သစ် နောက်ခံလူ ဗာရန်းတို့ကို စိတ်ဝင်စားနေသည်။

အသင်း၏အားထားရသော အိုင်ဗရီကို့စ်နောက်ခံလူ ဘိုင်ယီမှာ ခြေကျင်းဝတ်ခွဲစိတ်ကုသမှုခံယူထားရသောကြောင့် အနားယူ နေရသည်။

Ref; Mirror

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly