အစိုးရဖက်က ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ငြင်းပယ်လိုက်ရာ ကိုလံဘီယာ လက်ကျန်သူပုန်အုပ်စု ထိုးစစ်ဖွင့်

အစိုးရဖက်က ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ငြင်းပယ်လိုက်ရာ ကိုလံဘီယာ လက်ကျန်သူပုန်အုပ်စု ထိုးစစ်ဖွင့်

ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်စရန် ကိုလံဘီယာအစိုးရ၏ ငြင်းပယ်လိုက်ခြင်းကို တန်ပြန်ပြီး ကိုလံဘီယာနောက်ဆုံးလက်ကျန် သူပုန်အုပ်စုက သုံးရက်ကြာ ပိတ်ဆို့တိုက်ခိုက်မှုကို ကြေညာလျက် ပြီးခဲ့သည့် စနေ၊ တနင်္ဂနွေတွင် အရေးကြီးသော အခြေခံအဆောက်အအုံတစ်ခုအား တိုက်ခိုက်ခဲ့ကြသည်။

နိုင်ငံ၏ အရှေ့မြောက်ပိုင်းတွင် ရှိသော တံတားတစ်ခုအား သူပုန်များသည် ဖေဖော်ဝါရီ ၁၀ ရက်နေ့က ပေါက်ခွဲဖျက်ဆီးလိုက်သည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း  သေဆုံးဒဏ်ရာရသူစာရင်း မကြားသိရပေ။

လျှပ်စစ်ဓာတ်အားတိုင်များလည်း ဖျက်ဆီးခံရကြောင်း ကိုလံဘီယာ လက်နက်ကိုင်တပ်ဖွဲ့များ တပ်မှူး ဗိုလ်ချုပ် အယ်ဘာတိုဂျိုစီမီဂျီယာက ဖေဖော်ဝါရီ ၁၂ ရက်က ပြောသည်။
သူပုန်များသည် ကွာကာ၊ ဆန်တန်ဒါ၊ မြောက်ဆန်တန်ဒါ၊ ဘူကာရာမန်ဂါ စသည့်အရပ်များတွင်လည်း ထရပ်ကားများ၊ မော်တော်ယာဉ်များကို ဖျက်ဆီးခဲ့ကြသည်။

အစောပိုင်းက ဖြစ်ပွားသည့် ရဲခုနစ်ဦး သေဆုံးသော ဗုံးခွဲမှုများ ဖြစ်ပွားခဲ့ပြီးနောက် ELN အမည်ရ အဆိုပါ သူပုန်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ကိုလံဘီယာသမ္မတ ဂျုအန်မန်နျူရယ်ဆန်တို့စ်က ရပ်ဆိုင်းထားလိုက်ခြင်း ဖြစ်သည်။

တိုက်ခိုက်ရေးသမားအင်အား ၂၀၀၀ မကျော်လွန်သော ELN သူပုန်အုပ်စုသည် ၁၉၆၀ ခုနှစ်များအတွင်းက ကျူးဘားရှိ ဖီဒယ်ကက်စထရို တော်လှန်ရေး၏ စိတ်ဓာတ်နှိုးဆော်မှုအားဖြင့် ရိုမန်ကက်သလစ်ဘုန်းကြီးများက စတင်ဖွဲ့စည်းရာမှ အခြေတည်လာသော သူပုန်အဖွဲ့ ဖြစ်သည်။

အဆိုပါ သူပုန်အုပ်စုအား အမေရိကန်က အကြမ်းဖက်အဖွဲ့အစည်းတစ်ရပ်အဖြစ် စာရင်းသွင်းထားခြင်းလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly