WY/R ဆေးပြား အပြား တစ်သိန်းခန့်နှင့်အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦးအား ဖမ်းဆီးရမိ

WY/R ဆေးပြား အပြား တစ်သိန်းခန့်နှင့်အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦးအား ဖမ်းဆီးရမိ

 

ဖေဖော်ဝါရီ ၁၃ ။             ။ မောင်တောမြို့နယ်၊ ရွက်ညိုတောင် ကျေးရွာအနီး နတ်မြစ်အတွင်း၌ ဖေဖော်ဝါရီလ ၁၂ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦးထံမှ WY/Rဆေးပြားများ ဖမ်းမိခဲ့သည်။

ဖေဖော်ဝါရီလ ၁၂ ရက်၊ နံနက် ၈ နာရီ ၂၅ မိနစ်ခန့်တွင် မသင်္ကာဖွယ် လှေတစ်စင်း တွေ့ရှိသဖြင့် သွားရောက် စစ်ဆေးရာ လှေတွင်ပါလာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနာဖ်မြို့နယ်၊ ဂျာဒီပါရွာနေ ရှောင်ရှူးအာလောင်(ဘ) အလီအား ဆာလာအိတ်ဖြင့် ထုပ်ထားသော WY/R စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၉၅၄၉ဝ ပြား (ခန့်မှန်းတန်ဖိုးငွေကျပ် သိန်းပေါင်း ၁၉ဝဝ ကျော်) နှင့် အတူ ဖမ်းဆီးရမိခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်သည်။

အဆိုပါ စိတ်ကြွဆေးပြားများနှင့် ဖမ်းဆီးရမိသူအား မောင်တောမြို့နယ်၊ မူးယစ် တပ်ဖွဲ့စုသို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်က နတ်မြစ်အတွင်းရှိ လှေတစ်စီးတွင် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၈၇၇၅၀ ပြားခန့် (ခန့်မှန်း တန်ဖိုးငွေကျပ်သိန်းပေါင်း ၁၇၀၀ ကျော်)တို့ နှင့်အတူ ဘင်္ဂါလီ ၃ ဦးအား ဖမ်းဆီးမိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required