မန်စီးတီးအသင်းရဲ့ တန်ဖိုးမှာ ယူရို ၈၇၈ သန်းဖြင့် ဘောလုံးသမိုင်းမှာ တန်ဖိုးအကြီးဆုံး လူစာရင်းဖြစ်

မန်စီးတီးအသင်းရဲ့ တန်ဖိုးမှာ ယူရို ၈၇၈ သန်းဖြင့် ဘောလုံးသမိုင်းမှာ တန်ဖိုးအကြီးဆုံး လူစာရင်းဖြစ်
(ဓာတ်ပုံ - အီးပီအေ)

မန်စီးတီးအသင်းဟာ အပြောင်းအရွှေ့ဈေးကွင်းအတွင်းမှာ ယူရို ၈၇၈ သန်းအထိ သုံးစွဲပြီးနောက် ဘောလုံးသမိုင်းမှာ တန်ဖိုးအကြီးဆုံး လူစာရင်းကို ပိုင်ဆိုင်ထားတဲ့ အသင်းဖြစ်တယ်လို့ ကိန်းဂဏာန်းများအရ သိရပါတယ်။

နည်းပြ ပတ်ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ ဥရောပထိပ်သီးလိဂ် ၅ ခုက တခြားအသင်းတွေထက် ငွေကြေး ပိုမိုသုံးစွဲခဲ့တယ်လို့ ဈေးကွက်သုတေသနအဖွဲ့ CIES က ဖော်ပြထားပါတယ်။

မန်စီးတီးအသင်းဟာ ဇန်နဝါရီလက ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို ၆၅ သန်းဖြင့် လာပေါ်တီကို ခေါ်ယူခဲ့ပါသေးတယ်။

မန်စီးတီးအသင်းကို အနီးဆုံးကပ်လိုက်နိုင်တဲ့ အသင်းက ပီအက်စ်ဂျီအသင်းဖြစ်ပြီး ၎င်းအသင်းရဲ့ တန်ဖိုးမှာ ယူရို ၈၀၅ သန်းဖြစ်ပါတယ်။ 

အခုစာရင်းအရ မန်ယူအသင်းက တန်ဖိုး ယူရို ၇၄၇ သန်းဖြင့် အဆင့် ၃၊ ဘာစီလိုအသင်းက ယူရို ၇၂၅ သန်းဖြင့် အဆင့် ၄၊ ချယ်လ်ဆီးအသင်းက ယူရို ၅၉၂ သန်းဖြင့် အဆင့် ၅ နှင့် ရီးယဲလ်သအင်း ယူရို ၄၉၇ သန်းဖြင့် အဆင့် ၆ နေရာတို့မှာ အသီးသီးရပ်တည်ခဲ့ပါတယ်။

ထိပ်ဆုံးတန်ဖိုးအကြီးဆုံး အသင်း ၂၀ မှာ ပရီးမီးယားလိဂ်မှ အခြားကလပ် ၆ သင်းအထိပါဝင်နေပါတယ်။ ဒီအသင်းတွေက လီဗာပူးလ် (ယူရို ၄၆၁ သန်း)၊ အာဆင်နယ် (ယူရို ၄၀၃ သန်း)၊ အဲဗာတန် (ယူရို ၃၆၅ သန်း)၊ စပါး (ယူရို ၃၅၈ သန်း)၊ ဆောက်သမ်တန် (ယူရို ၂၂၉ သန်း)နှင့် ခရစ္စတယ်ပဲလေ့စ် (ယူရို ၂၂၅ သန်း)တို့ဖြစ်ပါတယ်။

အခုစာရင်းအရ တန်ဖိုး ယူရိုသန်း ၁၀၀ နှင့်အထက် ရောက်ရှိတဲ့အသင်းမှာ စုစုပေါင်း ၄၂ သင်းရှိကြောင်းလည်း သိရပါတယ်။

Ref; Goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly