ကာဂျစ္စတန်နှင့် မြန်မာအသင်းတို့ရဲ့ ပြန်ကန်ပွဲကို တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်း မြိုမှာ ကစားရန် AFC ဆုံးဖြတ်

ကာဂျစ္စတန်နှင့် မြန်မာအသင်းတို့ရဲ့ ပြန်ကန်ပွဲကို တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်း မြိုမှာ ကစားရန် AFC ဆုံးဖြတ်
(ဓာတ်ပုံ - MFF)

၂၀၁၉ အာရှဖလား ခြေစစ်ပွဲ အုပ်စု(က) လက်ကျန်ပွဲစဉ်တစ်ပွဲ ဖြစ်တဲ့ ကာဂျစ္စတန်နှင့် မြန်မာ ပွဲစဉ်ကို ကြားကွင်းအဖြစ် တောင်ကိုရီးယားနိုင်င၊ံ အင်ချွန်းမြို့ Incheon Football Stadium မှာ ယှဉ်ပြိုင်ကစားရန် အာရှဘောလုံး အဖွဲ့ချုပ်က ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။

အဆိုပါ ပွဲစဉ်ကို ကနဦး ဆုံးဖြတ်ထားတဲ့ ၂၀၁၈ ခုနှစ် မတ်လ ၂၂ ရက်နေ့မှာ ကျင်းပသွားမမှာဖြစ်ပြီး ပွဲကစားမယ့် အချိန် Kick Off Time ကိုမူ ဆက်လက်ညှိနှိုှုင်းဆောင်ရွက်သွားကြမှာဖြစ်ပါတယ်။ 

မြန်မာနှင့် ကာဂျစ်တို့ဟာ ပထမအကျော့က ရန်ကုန်မှာ (၂-၂)ဂိုး သရေကျခဲ့ပြီး အုပ်စုတက်ရေးအတွက် ဒုတိယအကျော့ပွဲစဉ်မှာ နှစ်သင်းစလုံးအတွက် အရေးပါဆုံး အဆုံးအဖြတ် ပွဲစဉ်လည်းဖြစ်ပါတယ်။

မြန်မာအသင်းဟာ ကာဂျျစ္စတန်နှင့် ပွဲကျန် ကစားပြီးနောက် ၅ ရက်အကြာ မတ်လ ၂၇ ရက်နေ့မှာ မကာအို လက်ရွေးစင်အသင်းနှင့် ခြေစစ်ပွဲ အုပ်စုနောက်ဆုံး ပွဲစဉ်ကို ရန်ကုန်မြို့မှာ အိမ်ရှင်အဖြစ် လက်ခံကစားရမှာဖြစ်ပါတယ်။ 

လက်ရှိအနေအထားအရ အုပ်စု(က) မှာ အိန္ဒိယအသင်းက တစ်ပွဲကျန် ရမှတ် ၁၃ မှတ်ဖြင့် အုပ်စု ပထမ၊ ကာဂျစ်အသင်းက နှစ်ပွဲကျန် ရမှတ် (၇)မှတ်ဖြင့် အုပ်စု ဒုတိယ၊ မြန်မာအသင်းက နှစ်ပွဲကျန် ရမှတ်(၅)မှတ်ဖြင့် အုပ်စု တတိယ ရပ်တည်လျက်ရှိပြီး မကာအို အသင်းမှာမူ တစ်ပွဲကျန် ရမှတ် သုညဖြင့် အသီးသီး ရပ်တည်လျက်ရှိပါတယ်။

Ref; Myanmar Football Federation

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly