သံလက်နက်၊ မြေအိုးကွဲ၊ လူအရိုးများရှိသည့် ရှေးဟောင်းသင်္ချိုင်းဟောင်းတစ်ခု နွားထိုးကြီးတွင်တွေ့ရှိ

သံလက်နက်၊ မြေအိုးကွဲ၊ လူအရိုးများရှိသည့် ရှေးဟောင်းသင်္ချိုင်းဟောင်းတစ်ခု နွားထိုးကြီးတွင်တွေ့ရှိ
ဓာတ်ပုံ - ပြည်ထဲရေး

ရန်ကုန်၊ ဖေဖော်ဝါရီလ ၁၂ ။                  ။ မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ပဒေါင်းကျေးရွာအနီးတွင် သံလက်နက်၊ မြေအိုးကွဲ၊ လူအရိုးများရှိ သည့် ရှေးဟောင်းသင်္ချိုင်းဟောင်းတစ်ခု   တွေ့ရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ ပဒေါင်းကျေးရွာအနီး၊ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်(၃၂၉/၇) ဝဲဘက်လမ်းဘေး၊ ပေ ၁၅ဝဝခန့် အကွာ၌ မြေများတူးဖော်ထားသည်ကို မသင်္ကာဖွယ်တွေ့ရှိရသဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရှေးဟောင်းသု တေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့မှ ဖေဖော်ဝါရီလ ၅ ရက်နေ့ တွင် သွားရောက်စစ်ဆေးရာမှ   ရှေးဟောင်းသင်္ချိုင်းကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနေရာတွင် သံလက်နက်၊ မြေအိုးကွဲ၊ လူအရိုးများအပြင် လူသွား၊ ဦးခေါင်းအခွံ၊ မြေထည်၊ မြေပန်းကန် အပိုင်းအစများတွေ့ရှိရပြီး သံခေတ်မှ သင်္ချိုင်းဟောင်းတစ်ခုဖြစ်နိုင်ကြောင်း   ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ပါရှိသည်။

လက်ရှိတွင် ယင်းနေရာကို ပဒေါင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအဖွဲ့မှ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်။

ထို့ပြင် အဆိုပါ ရှေးဟောင်းသင်္ချိုင်းဟောင်းအား ရှေးဟောင်းယဉ်ကျေးမှုနေရာဒေသတစ်ခုအဖြစ် သတ်မှတ်နိုင် ရေးအတွက်လည်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required