BTS အဖွဲ့၏ ပရိသတ်တစ်ဦးဖြစ်ကြောင်း လှစ်ဟပြသခဲ့သည့် နပန်းသမား ဂျွန်စီနာ

BTS အဖွဲ့၏ ပရိသတ်တစ်ဦးဖြစ်ကြောင်း လှစ်ဟပြသခဲ့သည့် နပန်းသမား ဂျွန်စီနာ

တောင်ကိုရီးယားအမျိုးသားပေါ့ပ်ဂီတအဖွဲ့ BTS သည် သူတို့၏နိုင်ငံအတွင်း၌ အမာခံပရိသတ်များစွာရရှိထား ယုံသာမက နိုင်ငံတကာမှ ပရိတ်သတ်များနှင့် နာမည်ကြီးပုဂ္ဂိုလ်များ၏ အားပေးထောက်ခံမှုကိုလည်း ရရှိထား သည့် ဂီတအဖွဲ့တစ်ခု ဖြစ်သည်။

ထိုသို့နာမည်ကြီးလူပုဂ္ဂိုလ်များ၏ အားပေးမှုကိုရရှိထားသော BTS အတွက် နောက်ထပ်ဂုဏ်ယူစရာသတင်း တစ်ခုမှာ နာမည်ကြီးနပန်းသမားဂျွန်စီနာသည် သူတို့၏ ပရိသတ်တစ်ဦးဖြစ်ကြောင်း မကြာသေးခင်က လှစ်ဟ ပြသခဲ့ခြင်းဖြစ်သည်။

ဂျွန်စီနာသည် သူ၏ အင်စတာဂရမ်၌ BTS အဖွဲ့နှင့် သက်ဆိုင်သော ပို့စ်များကို တင်နေခဲ့ပြီး ဖေဖေါ်ဝါရီလ ၉ ရက်နေ့ကလည်း ယင်းအဖွဲ့၏ ပေါက်သီချင်းတစ်ပုဒ်ဖြစ်သော MIC Drop ၏ ပိုစတာဓာတ်ပုံကို သူ၏အကောင့် တွင် တင်ခဲ့သည်။

ထိုသု့ိမတင်မီ ၃ ရက်ခန့်အလိုကလည်း ဂျွန်စီနာသည် BTS အဖွဲ့ဝင်အဆိုတော် J-Hope ၏ဓာတ်ပုံကို မည်သည့် စာသားမှမရေးသားပဲ အင်စတာဂရမ်၌တင်ခဲ့သည်။ ထို့ကြောင့် ပရိသတ်များက ဂျွန်စီနာသည် BTS အဖွဲ့ထဲတွင် J-Hope ကို အနှစ်ခြိုက်ဆုံးဖြစ်သည်ဟု ယူဆလျက်ရှိသည်။

ထိုကဲ့သို့ မမျှော်လင့်ပဲ ဂျွန်စီနာဘက်မှ BTS အဖွဲ့၏ဓာတ်ပုံများတင်ခဲ့သည့်အပေါ် BTS ၏ပရိသတ်များက “ခင်ဗျားလည်းပဲ BTS အမာခံပရိသတ်ပဲလား” ၊ “ကောင်းမွန်တဲ့ဂီတအကြောင်းကို ခင်ဗျားလည်းနားလည်တယ် ဆိုတာကိုသိရတဲ့အတွက် ဂုဏ်ယူပါတယ်”၊ “ စီနာဟာလည်း BTS အမာခံပဲ” ဟု သူ၏ပို့စ်၌ အသီးသီး မှတ်ချက်ပေးခဲ့ကြသည်။

Ref: AllKpop

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags