တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နှင့် ညီမဖြစ်သူယင်လတ်ခ်

တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နှင့် ညီမဖြစ်သူယင်လတ်ခ်

ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်းဖြစ်သူ သက်ဆင်ရှင်နာဝတ်ထရာနှင့် သူ၏ မိသားစုသည် တရုတ်နိုင်ငံမြို့တော် ဘေကျင်းမြို့သို့ရောက်ရှိနေကြောင်း သူ၏ သမီးဖြစ်သူ၏ အဆိုအရ သိရပြီး သူ၏ ညီမဖြစ်သူ ယင်လတ်ခ်သည် လည်း သူနှင့်အတူရှိနေနိုင်ကြောင်း သိရသည်။

သက်ဆင်၏ အငယ်ဆုံးသမီးဖြစ်သော ပေတုန်တာန်ရှင်နာဝတ်ထရာသည် ပြီးခဲ့သောစနေနေ့က တရုတ်နိုင်ငံ ဘေကျင်းမြို့၌ရိုက်ကူးထားသော ဖခင်ဖြစ်သူ၏ ဓာတ်ပုံအား အင်စတာဂရမ်ပေါ်သို့ တင်ခဲ့သည်။

“တရုတ်နှစ်သစ်ကူးကာလမှာ ထိုင်းပြည်သူတွေအားလုံးကို ဘေကျင်းမြို့ကနေ နှုတ်ခွန်းဆက်သလိုက်တယ်လို့ ပြောပေးဖို့ ဖေဖေက ကျမကို မှာခဲ့ပါတယ်” ဟု သူမက အဆိုပါဓာတ်ပုံနှင့်တကွ စာရေးသားခဲ့သည်။

ဒါ့အပြင် ထိုင်းဝန်ကြီးချုပ်ဟောင်းယင်လတ်ခ်သည်လည်း သက်ဆင်နှင့်အတူ သီးသစ်ဝလံများ ရွေးချယ်နေ သည့် ဓာတ်ပုံတစ်ပုံကို Matichon Online စာမျက်နှာ၌တွေခဲ့ရပြီး ထိုဓာတ်ပုံ ဘယ်ကရသလဲဆိုတာကိုတော့ ဖော်ပြထားခြင်းမရှိကြောင်း သိရသည်။

အကယ်၍ ထိုဓာတ်ပုံသာ မှန်ကန်ခဲ့ပါက လွန်ခဲ့သောသြဂုတ်လက ထိုင်းနိုင်ငံတော်တရားရုံးချုပ်၏ အမိန့်ချမှတ် မှုကို တိမ်းရှောင်သည့်အနေဖြင့် ထိုင်းနိုင်ငံမှ ထွက်ပြေးလာခဲ့သော ယင်လတ်ခ်ကို သူမ၏ အစ်ကိုဖြစ်သူနှင့် ပထမဦးဆုံးအကြိမ် အတူတွဲ၍ တွေ့မြင်ရခြင်းဖြစ်သည်။

သက်ဆင်သည် လွန်ခဲ့သော ၂၀၀၈ ခုနှစ်က ရတ်ချာဒါမြေကွက်လေလံတင်ပွဲ၌ အာဏာအလွဲသုံးစားလုပ်ခဲ့ သည့်အတွက် တရားစွဲဆိုခံခဲ့ရပြီးနောက် နိုင်ငံအတွင်းမှထွက်ပြေးလာခဲ့သူဖြစ်သည်။ ဒါ့အပြင် သူ၏ညီမဖြစ်သူ ယင်လတ်ခ်သည်လည်း ဆန်စပါးရောင်းချမှုကိစ္စအတွင်း သူမ၏ အစိုးရအဖွဲ့ဝင်နှစ်ဦး အကျင့်ပျက်ခြစားခဲ့သည် ကို လျစ်လျူရှုထားခဲ့မှုအတွက် တရားရင်ဆိုင်ခဲ့ရပြီး ပြီးခဲ့သောသြဂုတ်လက နိုင်ငံအတွင်းမှ ထွက်ပြေးလာခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required