တိုင်းရင်းသား စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း တည်ထောင်မည်

တိုင်းရင်းသား စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း တည်ထောင်မည်

 

ဖေဖော်ဝါရီ ၁၀ ။                    ။ နိုင်ငံတော်အဆင့် တိုင်းရင်းသား စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းအား ဖွဲ့စည်းတည်ထောင်ရန် ယမန်နေ့ ဖေဖော်ဝါရီလ ၉ ရက်က ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) နှင့် တိုင်းရင်းသားလုပ်ငန်းရှင်များက သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။

ဖေဖော်ဝါရီလ ၉ ရက် ညနေပိုင်းက တိုင်းရင်းသားရေးရာဝန်ကြီးဌာနမှ ကျင်းပသည့် Sustainable Development Forum ပြီးဆုံးခြင်း ဂုဏ်ပြုလွှာပေးပွဲတွင် ယင်သို့ သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။

“ တိုင်းရင်းသားတွေ အများစုနေထိုင်တဲ့ဒေသတွေမှာ ပတ်ဝန်းကျင်ကို ထိန်းသိမ်းတတ်တဲ့၊ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်တဲ့ ၊ အဂတိလိုက်စားမှုကို အားမပေးတဲ့ စီးပွားရေးပုံစံ တည်ဆောက်နိုင်ဖို့ အရေးကြီးတယ်” ဟု UMFCCI ၏ အကြံပေးပုဂ္ဂိုလ် ဒေါက်တာအောင်ထွန်းသက်က ယင်းပွဲတွင် ပြောသည်။

အဆိုပါ တိုင်းရင်းသား စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းအား လာမည့် တစ်လအတွင်း ဖွဲ့စည်းသွားမည်ဟု  သိရပြီး  ပထမအဆင့်အနေဖြင့် နိုင်ငံတော်အဆင့်အသင်းအဖြစ် ဖွဲ့စည်းသွားမည် ဖြစ်ကာ မည်သည့် လုပ်ငန်းရှင် မဆို ပူးပေါင်းပါဝင်နိုင်ကြောင်း သိရသည်။

လက်ရှိတွင် ကနဦးအဆင့်အနေဖြင့် ဖွဲ့စည်းရန် သဘောတူညီခဲ့ကြခြင်းဖြစ်ပြီး အသေးစိတ်ကိုတော့ ထပ်မံမသိရသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required