ဘောလုံးသမားတွေက သရုပ်ဆောင်တွေ၊ အဆိုတော်တွေလောက် ဝင်ငွေမရသင့်ဘူးလား

ဘောလုံးသမားတွေက သရုပ်ဆောင်တွေ၊ အဆိုတော်တွေလောက် ဝင်ငွေမရသင့်ဘူးလား

 

ကမ္ဘာကျော်ဘောလုံးသမားတွေရဲ့ လုပ်ခလစာတွေတဖြည်းဖြည်းနဲ့မြင့်မားလာပြီး တစ်နှစ်ကို ဝင်ငွေသန်းနဲ့ချီပြီးရရှိ လာကြပြီဖြစ် ပါတယ်။ အခုလိုရရှိလာတာက ထိုက်တန်ခြင်းရှိမရှိ သုံးသပ်ဝေဖန်နေတာတွေလည်းရှိနေပါတယ်။

ပြီးတော့ ဘောလုံးသမားတွေဟာ ကမ္ဘာကျော်အဆိုတော်တွေ၊ ဟောလိဝုဒ်ကြယ်ပွင့်တွေနဲ့ ဝင်ငွေ တန်းတူရသင့်လား ဒါမှမဟုတ် သူတို့ထက်ပိုပြီးတောင်မှ ရသင့်တယ်လို့ ထင်ပါသလား။

လက်ရှိအချိန်မှာ ဟောလိဝုဒ်သရုပ်ဆောင်လုပ်နေတဲ့ ဝင်ဘယ်ဒန်နဲ့လိဒ်ယူနိုက်တက်ဘောလုံးသမားဟောင်း ဗန်နီဂျုံးစ်ကတော့ ဘောလုံးသမားတွေဟာ ဂန္ထဝင်ပေါ့ပ်အဆိုတော်တွေ၊ ရုပ်ရှင်ကြယ်ပွင့်တွေနဲ့တန်းတူအဆင့်အတန်း မှာရှိနေပြီလို့ ပြောဆိုလိုက် ပါတယ်။

ပရီးမီးယားလိဂ်မှာဆိုရင် လစာအများဆုံးအဖြစ် တစ်ပတ်ပေါင် ၅၀၅, ၀၀၀ ရနေတယ်လို့ခန့်မှန်းဖော်ပြခံနေရတဲ့ ဆန်းချက်ဇ်ရဲ့ လစာက ဆွေးနွေးငြင်းခုန်ရတဲ့အကြောင်းအရာတစ်ခုဖြစ်နေပါတယ်။

ဗန်နီဂျုံးစ်ကတော့ “၇၅၊ ၈၀ ခုနှစ်လောက်က ရော့စတီးဝပ် မတန်တဆရနေတယ်လို့ ဘယ်သူမှမပြောခဲ့ဘူး။ မက်ဒေါနားကရော မတန်တဆရနေတာလား။ သူက နာရီပိုင်းလေးအတွက် ဒေါ်လာသန်းချီရနေသူလေ။

ငွေတွေက စပွန်ဆာတွေဆီကနေရတာလေ။ အရေးမပါတဲ့ကိစ္စတွေကို ငြင်းမနေကြပါနဲ့တော့။ ခုခေတ်မှာ ဘောလုံးသမားတွေက စူပါစတားတွေဖြစ်နေပါပြီ။ ကျွန်တော်တို့ ခေတ်ကကျန်ခဲ့ပြီ”လို့   ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly