ခွဲစိပ်ပြီး နာလန်ထူနိုင်ဖို့ လေ့ကျင့်ခန်းများ

ခွဲစိပ်ပြီး နာလန်ထူနိုင်ဖို့ လေ့ကျင့်ခန်းများ

ရေးသားသူ Dr . Phyu Mon Latt
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

အဆုတ်ခွဲစိတ်မှုပြီးရင် သင်ဟာ အိပ်ရာထဲမှာသာ မနေသင့်ပါဘူး။ ဒါဟာ သင့်ကို နာလန်ထချိန် ကြာမြင့်စေပါတယ်။ တတ်နိုင်သမျှစောစော ပေါ့ပါးတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ပေးပြီး ပုံမှန်အလုပ်တွေကို ပြန်လုပ်သင့်ပါတယ်။

အသက်ရှူလေ့ကျင့်ခန်း

ခွဲစိတ်မှုအပြီးမှာ အထူးသဖြင့် သင်လှုပ်လိုက်ချိန်၊ အသက်ရှူချိန်၊ ချောင်းဆိုးချိန်တွေမှာ သက်တောင့်သက်သာ မရှိမှု၊ နာကျင်မှုတွေ ခံစားရနိုင်ပါတယ်။ စောစီးစွာ လေ့ကျင့်ခန်း လုပ်ခြင်းဟာ အဆုတ်တွေထဲမှာ congestion ဖြစ်ခြင်းကို ဖယ်ရှားပေးပြီး အဆုတ်အအေးမိခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ခွဲစိတ်ပြီး နာကျင်မှုကြောင့် လူနာတွေက အသက်ပြင်းပြင်း မရှူကြတာကြောင့် အဆုတ်အတွင်းမျာ အကျိအချွဲတွေကို ဖြစ်စေပါတယ်။ ဒါကြောင့် အောက်ပါအချက်တွေကို လိုက်နာပြီး အသက်ရှူလေ့ကျင့်ခန်းတွေကို ပြုလုပ်သင့်ပါတယ်။ သင့်နှာခေါင်းကနေ အသက်ရှူသွင်းပြီး ပါးစပ်ကနေ ရှူထုတ်သင့်ပါတယ်။

ဝမ်းဗိုက်နဲ့ ရင်ဘတ်ကြားမှာ လက်ကို တင်ထားပါ။ သင့်လက်ဟာ လေမှုတ်ထားတဲ့ ဘောလုံးရဲ့ ထိပ်မှာ ထားနေသလိုမျိုး ခံစားရနိုင်ပါတယ်။ အခုအချိန်မှာတော့ လျှော့ပြီး ပါးစပ်ကနေ လေမှုတ်ထုတ်ပါ။

ရင်ခေါင်းရဲ့ နှစ်ဖက်မှာ လက်တွေကို ထားပါ။ အသက်ပြင်းပြင်းရှူစဉ်မှာ လက်တွေကို ရင်ဘတ်ရဲ့ ဘေးတစ်ဘက်စီက တတ်နိုင်သမျှ ဝေးဝေး အပြင်ကိုကားပါ။ ပြီးရင်တော့ ကိုယ်ခန္ဓာကို ဖြေလျှော့ပြီး လေကို ပါးစပ်အတွင်းမှ ရှူထုတ်နိုင်ပါတယ်။

ချောင်းဆိုးလေ့ကျင့်ခန်းများ

ချောင်းဆိုးစဉ်မှာ လည်ပင်းနဲ့ ပုခုံးတွေကို လျှော့ထားပါ။ ဗိုက်ကချောင်းဆိုးပါ။ လည်ပင်းကနေ မဆိုးပါနဲ့။ ပိုမိုအဆင်ပြေစွာ ချောင်းဆိုးနိုင်အောင် ဒူးကွေးထားပါ။ ချောင်းကို နှစ်ကြိမ်ကနေ သုံးကြိမ်အထိ ဆိုးပြီး အနားယူပါ။ ချောင်းဆိုးဖို့ မကြောက်သင့်ပါဘူး။ သင့်ခွဲစိတ်ရာကို ချုပ်ကြိုးတွေ staples တွေနဲ့ မြဲမြံစွာ ပြန်ချုပ်ထားတာ ဖြစ်ပါတယ်။

ခြေထောက်လေ့ကျင့်ခန်းများ

အိပ်နေစဉ်မှာ ခြေထောက်တွေကို ဆန့်တန်းထားပြီး လေ့ကျင့်ခန်း လုပ်သင့်ပါတယ်။ အိပ်ရာပေါ်မှာ ခြေထောက်ကို ထားပြီး ခြေချောင်းတွေနဲ့ စက်ဝိုင်းဆွဲပါ။ ခြေချင်းဝတ်ကနေ ခြေထောက်ကို လှုပ်ပါ။ Direction တစ်ခုစီကို ငါးကြိမ်စီ ပြုလုပ်ပါ။

Gas pedal ကို နင်းသလိုမျိုး ခြေဖဝါးကို လှန်လိုက်လှဲလိုက် ပြုလုပ်ပါ။ ခြေထောက်နှစ်ဖက်လုံးကို တစ်ပြိုင်နက် ပြုလုပ်နိုင်ပါတယ်။ အခြားတစ်ဖက်ကို အတူတူ ပြုလုပ်ပါ။ ဒူးကို တန်းတန်းထားပီး ခြေထောက်တစ်ဖက်ကို အိပ်ရာရဲ့ အစွန်းကို ရွှေ့ကာ အိပ်ရာအလည်ကို ပြန်ရွှေ့နိုင်ပါတယ်။

လက်မောင်းလေ့ကျင့်ခန်းများ

မခြင်းနဲ့  ဆန့်တန်းခြင်းဟာ ခွဲစိတ်ထားတဲ့ဘက်မှာ လက်မောင်း တောင့်တင်းခြင်းကို ကာကွယ်ဖို့အတွက် လက်မောင်းကို လှုပ်ရှားသင့်တဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ လေးလွန်းတဲ့ ပစ္စည်းတွေဖြစ်တဲ့ ကလေးငယ်၊ တိရစ္ဆာန်၊ အိမ်သုံးပစ္စည်း၊ အဝတ်ခြင်း အစရှိတာတွေကို ခွဲစိတ်ပြီး တစ်ပတ်အတွင်းမှာ မမသင့်ပါဘူး။

လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကျန်းမာရေးကို နာလန်ထူစေရုံသာမက ရေရှည်မှာလည်း ကောင်းမွန်တဲ့ ဘဝကို ရရှိစေပါတယ်။ ခွဲစိတ်မှုအပြီးမှာသာ လေ့ကျင့်ခန်းမလုပ်ပဲ သင်ကျန်းမာနေရင်တောင်မှ နေ့စဉ်အလုပ်တစ်ခုအနေနဲ့ လေ့ကျင့်ခန်း လုပ်နိုင်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly