အိုလံပစ်ပြိုင်ပွဲ မကျင်းပမီ မြောက်ကိုရီးယားက အင်အားပြသည့်အနေဖြင့် စစ်ရေးပြချီတက်ပွဲ ပြုလုပ်

အိုလံပစ်ပြိုင်ပွဲ မကျင်းပမီ မြောက်ကိုရီးယားက အင်အားပြသည့်အနေဖြင့် စစ်ရေးပြချီတက်ပွဲ ပြုလုပ်

ဖေဖော်ဝါရီ ၈ ။           ။ တောင်ကိုရီးယား အိုလံပစ်ပြိုင်ပွဲ စတင်မကျင်းပခင် တစ်ရက်အလိုမှာပင် မြောက်ကိုရီးယားတို့ဘက်က အင်အားပြသသည့်အနေဖြင့် ပြုံယမ်း၌ စစ်ရေးပြ ချီတက်ပွဲ အခမ်းအနားတစ်ခုကို ဖေဖော်ဝါရီ ၈ ရက်က ပြုလုပ်ခဲ့သည်။

နျူကလီးယားလက်နက်ပိုင်ဆိုင်ထားသည်ဟု ဆိုထားသော မြောက်ကိုရီးယားတို့အနေဖြင့် အိမ်နီးချင်းတောင်ကိုရီးယားဘက်တွင် ပြုလုပ်ကျင်းပတော့မည့် ဆောင်းရာသီ အိုလံပစ်ပွဲနှင့်ပတ်သက်၍ ရင်းနှီးသော ဆက်ဆံရေးကို ပြသထားလျက်ရှိသည်။

တောင်ဘက်တွင် ကျင်းပမည့် အဆိုပါပြိုင်ပွဲသို့ မြောက်ကိုရီးယားတု့ိဘက်က အားကစားသမားများစေလွှတ်ထားသကဲ့သို့ ခေါင်းဆောင် ကင်မ်၏ ညီမဖြစ်သူကိုယ်တိုင်လည်း ပါဝင်တက်ရောက်သွားရန် ရှိနေသည်။

၂၀၁၇ ဧပြီလက နောက်ဆုံးပြုလုပ်ထားသည့် စစ်ရေးပြအခမ်းအနားနှင့် မတူညီသည့်အချက်က ယခုတစ်ကြိမ် အခမ်းအနားကို နိုင်ငံပိုင်တီဗီက တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ခြင်း မရှိပေ။

သို့သော် " မြောက်ကိုရီးယားတို့ ပြုံယမ်းက ကင်မ်အီဆောင်း ရင်ပြင်မှာ စစ်ရေးပြ ချီတက်ပွဲ လုပ်တယ်လို့ ကျွန်တော်တို့ ကြားထားပါတယ်" ဆိုပြီး တောင်ကိုရီးယား အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required