အကျဉ်းထောင်ထဲက ရုပ်ရှင်ဆန်တဲ့ဘောလုံးပြိုင်ပွဲတစ်ခု

အကျဉ်းထောင်ထဲက ရုပ်ရှင်ဆန်တဲ့ဘောလုံးပြိုင်ပွဲတစ်ခု

 

အကျဉ်းထောင်ရဲ့ အဓိကဝင်ပေါက်မှာ ထာဝရအာဖရိကဆိုတဲ့စာသားနဲ့အတူ ဘောလုံးပြိုင်ပွဲခေါင်းစဉ်စာတန်းတစ်ခုက နေရာယူထားပါတယ်။

မော်ရိုကိုနိုင်ငံအလံလွှင့်ထူထားတဲ့ ကာဆာဘလန်ကာက အူကာချာအကျဉ်းထောင်ထဲမှာတော့ လုံခြုံရေးတွေက အသင့်အနေ အထားနဲ့ စောင့်ကြပ်လို့နေပါတယ်။

အတွင်းပိုင်းမှာတော့ ကင်မရွန်းနဲ့ မာလီလို့ အမည်အသီးသီးရတဲ့ အကျဉ်းသားဘောလုံးအသင်းနှစ်သင်းက ဆီမီးဖိုင်နယ်ပွဲစဉ်ကို အကြိတ်အနယ်ယှဉ်ပြိုင်နေကြပါတယ်။ ပြိုင်ပွဲမှာချီးမြှင့်မယ့်ဆုဖလားတွေကလည်း အဆင်သင့်ပါပဲ။

အာဖရိကနိုင်ငံများဖလားပြိုင်ပွဲလို့ အမည်ပေးထားတဲ့အဲဒီပြိုင်ပွဲမှာ မော်ရိုကိုနိုင်ငံတဝှမ်းအကျဉ်းထောင်တွေက အကျဉ်းသား ဘောလုံးအသင်း ၁၂ သင်းပါဝင်ယှဉ်ပြိုင်ကြတာပါ။

အကျဉ်းထောင်ပေါင်း ၇၇ ခုက အကျဉ်းသား ၇၅, ၀၀၀ ထဲကနေ ထွက်ပေါ်လာတဲ့ ခြေစွမ်းကောင်းသူ ၁၀၀ ကျော်ပါဝင် ကစားနေတဲ့ ဂိုးလတ်ဘောလုံးပြိုင်ပွဲတစ်ပွဲဆိုရင်လည်း မမှားပါဘူး။

ဆီမီးဖိုင်နယ်ပွဲအပြီးမှာတော့ အနိုင်ရသွားတဲ့အသင်းဟာ စနစ်တကျအားပေးနေတဲ့ ဘဝတူအကျဉ်းသားတွေဆီပြေးသွားပြီး အောင်ပွဲခံတဲ့ပုံရိပ်က ခံစားမှုတစ်ခုခုတော့ပေးမှာသေချာပါတယ်။

အနိုင်ရတဲ့အသင်းသားတစ်ယောက်က ဘောလုံးကစားခွင့်ရတာ ထောင်ကလွတ်သလိုခံစားရတယ်လို့ဖွင့်ဟခဲ့သလို ရှုံးသွားတဲ့အသင်းသားတစ်ယောက်ကလည်း ဒီပြိုင်ပွဲလေးကစားခွင့်ရလိုက်တာကိုက အမြတ်ပဲလို့ ဆိုခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly