၂၀၁၈ ကိုရီးယားဟစ်ဟော့ပ်ဆုပေးပွဲ၌ တစ်နှစ်တာအကောင်းဆုံး အနုပညာရှင်ဆု ဂျေးပါ့ခ်ဆွတ်ခူး

၂၀၁၈ ကိုရီးယားဟစ်ဟော့ပ်ဆုပေးပွဲ၌ တစ်နှစ်တာအကောင်းဆုံး အနုပညာရှင်ဆု ဂျေးပါ့ခ်ဆွတ်ခူး

၂၀၁၈ တောင်ကိုရီးယားဟစ်ဟော့ပ်ဆုပေးပွဲ၌ ဆုရရှိသူများစာရင်းကို ဖေဖေါ်ဝါရီလ ၇ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့ပြီး ယခုနှစ်အတွက် တစ်နှစ်တာအကောင်းဆုံးအနုပညာရှင်ဆုကို နာမည်ကျော်ရက်ပ်အဆိုတော် ဂျေးပါ့ခ်က ဆွတ်ခူးသွားခဲ့သည်။

အွန်လိုင်းမှရွေးချယ်ပေးအပ်သည့် အဆိုပါဆုပေးပွဲကို အွန်လိုင်းမဂ္ဂဇင်းဖြစ်သော HiphopLE နှင့် အွန်လိုင်းဂီတ ဆိုက် HIPHOPPLAYA တို့မှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ပြီးခဲ့သောနှစ်ကထွက်ရှိခဲ့သည့် သီချင်းအယ်လ်ဘမ်များ၊ သီချင်းများနှင့် ပရိသတ်အချစ်ဆုံး အနုပညာရှင်များကို ရွေးချယ်၍ ဆုပေးခြင်းဖြစ်သည်။

ယင်းဆုသည် ဂျေးပါ့ခ်အတွက် ဒုတိယမြောက်ဆုတစ်ခုဖြစ်ပြီး သူသည် ၂၀၁၇ ခုနှစ်ကိုရီးယားဟစ်ဟော့ပ် ဆုပေးပွဲ၌လည်း တစ်နှစ်တာအကောင်းဆုံးအနုပညာရှင်ဆုကို ဆွတ်ခူးထားခဲ့ဖူးသည်။

ပြီးခဲ့သောနှစ်များအတွင်း ဂျေးပါ့ခ်သည် တစ်ကိုယ်တော်အနုပညာရှင်အဖြစ်ရော AOMG နှင့် H1GHER Music တေးသံသွင်းတို့၏ ခေါင်းဆောင်အဖြစ်နှင့်ပါ ဂီတလောကထဲ၌ သီချင်းများဖန်တီးခဲ့သည်။ ဒါ့အပြင်သူသည် နိုင်ငံရပ်ခြားသို့ အနုပညာခြေဆန့်သည့်အနေဖြင့် ROC Nation တေးသံသွင်းနှင့်လည်း စာချုပ်ချုပ်ဆိုခဲ့သည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags