ဇန်နဝါရီလအတွက် အကောင်းဆုံးကစားသမားဆန်ခါတင်စာရင်းကို ဟာဇက်နှင့်ဒီဘရိုင်းဦးဆောင်

ဇန်နဝါရီလအတွက် အကောင်းဆုံးကစားသမားဆန်ခါတင်စာရင်းကို ဟာဇက်နှင့်ဒီဘရိုင်းဦးဆောင်

ဖေဖော်ဝါရီ ၈၊ လန်ဒန်။          ။ ဇန်နဝါရီလအတွက် ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆန်ခါတင်စာရင်းကို ချယ်လ်ဆီးမှ ဟာဇက်နှင့် မန်စီးတီးမှ ဒီဘရိုင်းတို့က ဦးဆောင်နေကြသည်။

ခရစ္စတီယန်အဲရစ်ဆင်၊ ကော်လံဝီလ်ဆင်နှင့် အဂူရိုတို့ပါဝင်နေသည့် ကစားသမား ၆ ဦးစာရင်းတွင် ဗာတွန်ဂမ်လည်း သုံးယောက်မြောက်ဘယ်လ်ဂျီယံကစားသမားအဖြစ် ပါဝင်နေသည်။

ပြီးခဲ့သည့်တစ်လတာအကောင်းဆုံးကစားသမားဆုကို ဟာရီကိန်းကရရှိခဲ့ပြီး ယခုတစ်ကြိမ်တွင်လည်း ဆန်ခါတင်စာရင်း၌ စပါးကစားသမားနှစ်ဦးပါဝင်နေသဖြင့် နည်းပြပိုချက်တီနိုမှာ ကျေနပ်နေမည်ဖြစ်သည်။

အဲရစ်ဆင်သည် မန်ယူနိုက်တက်အသင်းကို ၂-၀ ဂိုးဖြင့်အနိုင်ရသည့်ပွဲတွင်ခြေစွမ်းပြခဲ့ပြီး အဖွင့်ဂိုးသွင်းယူနိုင်ခဲ့သည်။ ဟာဇက်မှာ ဘရိုက်တန်နှင့်ပွဲတွင် အကောင်းဆုံးခြေစွမ်းပြပြီး နှစ်ဂိုးသွင်းယူကာ တစ်ဂိုးဖန်တီးနိုင်ခဲ့သည်။

စီးတီးအသင်း လီဗာပူးလ်ကိုရှုံးပြီး လက်ရှိရာသီပရီးမီးယားလိဂ်ပထမဆုံးရှုံးပွဲကြုံခဲ့ရသော်လည်း ဒီဘရိုင်းမှာအသင်း၏ အကောင်းဆုံးကစားသမားအဖြစ်ရှိနေဆဲဖြစ်ပြီး တိုက်စစ်မှူးအဂူရိုသည်လည်း နယူးကာဆယ်နှင့်ပွဲဟက်ထရစ်သွင်းဂိုးများ အပါအဝင် ၅ ဂိုးသွင်းယူထားသည်။

ဘုန်းမောက်တိုက်စစ်မှူးဝီလ်ဆင်မှာ ဇန်နဝါရီလအတွင်း သုံးဂိုးသွင်းနိုင်ခဲ့ပြီး နှစ်ဂိုးမှာ အာဆင်နယ်နှင့် ချယ်လ်ဆီးကို မထင်မှတ်ဘဲအနိုင်ရသည့်ပွဲများ၌ သွင်းနိုင်ခဲ့ခြင်းဖြစ်ကာ ဆန်ခါတင်စာရင်းထဲသို့ ထိပ်သီး ၅ သင်းအပြင်ဘက်မှပါဝင်လာသည့် တစ်ဦးတည်းသော ကစားသမားဖြစ်သည်။

ပရိသတ်များအနေဖြင့် မိမိနှစ်သက်ရာကစားသမားကို EA Sports ဝက်ဘ်ဆိုက်မှတစ်ဆင့် တနင်္လာနေ့သန်းခေါင်ချိန်အထိ မဲပေးရွေးချယ်နိုင်မည်ဖြစ်သည်။

ဇန်နဝါရီလအတွက်အကောင်းဆုံးကစားသမားဆန်ခါတင်စာရင်း

ဟာဇက် (ချယ်လ်ဆီး)

ဒီဘရိုင်း (မန်စီးတီး)

ဗာတွန်ဂမ် (စပါး)

အဲရစ်ဆင် (စပါး)

ဝီလ်ဆင် (ဘုန်းမောက်)

အဂူရို (မန်စီးတီး)

Ref; Mirror

 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required