ဒရမာဇာတ်လမ်းတွဲအသစ်၌ ပါ၀င်သရုပ်ဆောင်ရန် D.O နှင့် နမ်ဂျီဟွမ်းတို့ဆွေးနွေး

ဒရမာဇာတ်လမ်းတွဲအသစ်၌ ပါ၀င်သရုပ်ဆောင်ရန် D.O နှင့် နမ်ဂျီဟွမ်းတို့ဆွေးနွေး

တောင်ကိုရီးယားအမျိုးသားဂီတအဖွဲ့ EXO မှ အဖွဲ့ဝင်ဖြစ်သူ D.O နှင့် မင်းသမီးနမ်ဂျီဟွမ်းတို့သည် ဒရာမာ ဇာတ်လမ်းတွဲတစ်ခု၌ ဦးဆောင်ပါဝင်သွားရန် ဆွေးနွေးနေကြသည်။

ဖေဖေါ်ဝါရီလ ၇ ရက်နေ့တွင် ထွက်ပေါ်လာသောသတင်းများ၌ D.O နှင့် နမ်ဂျီဟွမ်းတို့သည် Dear Husband of 100 Days ဆိုသော ဇာတ်လမ်းတွဲ၌ ခေါင်းဆောင်ဇာတ်ကောင်နေရာများမှ ပါဝင်သွားကြမည်ဟုဖော်ပြထား သည်။

ထိုဖော်ပြချက်ကို သူတို့နှစ်ဦး၏ အေဂျင်စီများက အတည်ပြုပေးခဲ့ပြီး သူတို့နှစ်ဦး၏ဆွေးနွေးမှုမှာ အပြုသဘော ဆောင်နေကြောင်း ပြောကြားခဲ့သည်။

Dear Husband of 100 Days ၏ အဓိကဇာတ်အိမ်မှာ ရက် ၁၀၀ ခန့် ပျောက်ဆုံးသွားခဲ့သော မင်းသားလေး တစ်ဦးအကြောင်းကို ဇာတ်အိမ်တည်ထားခြင်းဖြစ်သည်။

ထိုဇာတ်လမ်းထဲ၌ D.O သည် ဇီဇာကြောင်သော အိမ်ရှေ့စံမင်းသားလေး လီယူးလ်ဇာတ်ကောင်နေရာမှ သရုပ်ဆောင်မည်ဖြစ်သည်။ ထိုဇာတ်လမ်းထဲ၌ လီယူးလ်သည် ဒဏ်ရာရရှိကာ ချောက်ကမ်းပါးပေါ်မှပြုတ်ကျ သွားခဲ့ပြီး ဝမ်ဒုတ်ခ်ဆိုသော အသုံးမကျသူတစ်ဦးအဖြစ် ပြောင်းလဲသွားသည်ကို ဇာတ်လမ်းဆင်ထားသည်။

နမ်ဂျီဟွမ်း၏ဇာတ်ကောင်မှာ ဉာဏ်ပညာထက်မြတ်ပြီး ထောက်လှမ်းရေးအေဂျင်စီတစ်ခုကို ကိုင်တွယ်နေသော အမျိုးသမီးတစ်ဦးဖြစ်ပြီး လီယူးလ်နှင့် တွေ့ဆုံကြမည်ဖြစ်သည်။

ထိုဇာတ်လမ်းတွဲ၏ ဇာတ်ညွန်းရေးသူမှာ Dr. Champ၊ Scent of a Woman နှင့် She’s So Lovable တို့ကို ရေးသားခဲ့သော နိုဂျီဆိုးလ်ဖြစ်ပြီး ယင်းဒရာမာဇာတ်လမ်းကို tvN ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသသွားရန် ဆွေးနွေးလျက်ရှိသည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly