မန္တလေးတွင် လိုင်စင်မဲ့ယာဉ်တစ်စီးဖြင့် သယ်ဆောင်လာသည့် မြွေများ ဖမ်းဆီးရမိ

မန္တလေးတွင် လိုင်စင်မဲ့ယာဉ်တစ်စီးဖြင့် သယ်ဆောင်လာသည့် မြွေများ ဖမ်းဆီးရမိ
(ဓာတ်ပုံ၊ရဲအုပ် ကျော်စိုးလွင်)

မန္တလေး၊ဖေဖော်ဝါရီ ၇ ။           ။ မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့၊လက်ပြတိုင်မီးပွိုင့်တွင် ဖေဖော်ဝါရီလ ၆ ရက်၊နံနက် ၁၀ နာရီက လိုင်စင်မဲ့ယာဉ်တစ်စီးဖြင့်သယ်ဆောင်လာသည့် မြွေများ ဖမ်းဆီးရမိခဲ့သည်ဟု အမှတ် ၉၂ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲအုပ်ကျော်စိုးလွင်ကပြောသည်။

ဖြစ်စဉ်မှာ အမှတ် ၉၂ ယာဉ်ထိန်းရဲတပ်ဖွဲ့စု တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ယာဉ်လိုင်းများကြီးကြပ် ရေးကော်မတီမှတာဝန်ရှိသူတို့ပါဝင်သောပူး ပေါင်းစစ်ဆေးရေးအဖွဲ့သည် စည်းကမ်းပျက် ယာဉ်များအားစစ်ဆေးဆောင်ရွက်နေစဉ် ယင်းသို့တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

မူဆယ်မြို့၊မြောက်ရပ်ကွက်နေသူ စိုင်းဆိုင်လင်း အသက် ၂၄ နှစ် မောင်းနှင်လာသည့် 3J-xxxx WISH အနက်ရောင်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သည့် သက်သေခံအထောက် အထား တင်ပြနိုင်ခြင်း မရှိသည့်အပြင် ယာဉ်အားဆက်လက်စစ်ဆေးရာ ယာဉ်ပေါ်တွင် ပလပ်စတစ် အိတ် ၆ အိတ်၊ ကော်ခြင်း ၁၆ ခြင်းဖြင့်ထည့်လာသော မြွေမျိုးစုံ ၂၂၂ ကောင် ခန့်တို့အား စစ်ဆေး တွေ့ရှိခဲ့သည်။

ထိုသို့စစ်ဆေးတွေ့ရှိခဲ့ခြင်းကြောင့် ကျောက်ဆည်မြို့မရဲစခန်းမှ (ပ)၁၀၇/၂၀၁၈၊ပို့ကုန်၊သွင်းကုန် ဥပဒေပုဒ်မ ၈/၁၀ နှင့် (ပ)၁၁၁/၂၀၁၈၊ တောရိုင်းတိရိစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေး၊ သဘာဝနယ်မြေများထိန်းသိမ်းရေး ဥပဒေ ပုဒ်မ ၃၆(က)တို့ဖြင့် အရေးယူထားကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required