သမီးလေးကို အမည်ပေးပြီးပြီဟု ပရိသတ်များအား ကိုင်လီဂျန်နာအသိပေး

သမီးလေးကို အမည်ပေးပြီးပြီဟု ပရိသတ်များအား ကိုင်လီဂျန်နာအသိပေး

နာမည်ကျော်မော်ဒယ်တစ်ဦးဖြစ်သော ကိုင်လီဂျန်နာက မကြာသေးခင်ကဖွားမြင်ခဲ့သော သူမ၏ သမီးဦးလေးကို Stormi ဟု အမည်ပေးထားကြောင်း ပရိသတ်များကို အသိပေးခဲ့သည်။

ကိုင်လီဂျန်နာသည် ထိုသတင်းအား အင်စတာဂရမ်မှ သူမ၏ ပရိသတ် ၁၀၃ သန်းခန့်ကို မျှဝေခဲ့ခြင်းဖြစ်ပြီး ပရိသတ်များ၏ နာမည်အမျိုးမျိုးခန့်မှန်းချက်ကို အဆုံးသတ်စေခဲ့သည်။

အသက် ၂၀အရွယ်ရှိ ကိုင်လီဂျန်နာသည် သူမ၏ ကိုယ်ဝန်သတင်းကို လျှို့ဝှက်ထားခဲ့ပြီး ပြီးခဲ့သောတနင်္လာနေ့ က ၁၂ မိနစ်ခန့်ကြာမြင့်သောဗီဒီယိုဖိုင်တစ်ခုကို သူမ၏ လူမှုမီဒီယာ၌တင်ခဲ့ပြီး သမီးလေးကို ဖေဖေါ်ဝါရီ ၁ရက် နေ့တွင် ဖွားမြင်ခဲ့သည်ဟု ကြေညာခဲ့သည်။

သမီးဖြစ်သူနှင့်ရိုက်ထားသော ကိုင်လီ၏ ဓာတ်ပုံသည်လည်း နာရီအနည်းငယ်အတွင်း လိုက်ခ်အရေအတွက် ၁၁သန်းကျော်ခန့်ရရှိခဲ့ပြီး အင်စတာဂရမ်၏ အကျော်ကြားဆုံးပို့စ်များထဲမှ တစ်ခုဖြစ်စေခဲ့သည်။

ထိုဓာတ်ပုံထဲတွင် Stormi သည် ကိုင်လီ၏ လက်ချောင်းများကို ဆုပ်ကိုင်ထားသည်။ ယင်းဓာတ်ပုံသည် ၂၀၁၇ခုနှစ်တုန်းက ဘီယွန်းစေးနှင့် ခရစ္စတီယာနိုရော်နယ်ဒိုတို့ သူတို့၏ ရင်သွေးများနှင့် ဓာတ်ပုံရိုက်ပြီး အင်စတာဂရမ်ပေါ်သို့ တင်ခဲ့စဉ်တွင် ရရှိခဲ့သော လိုက်ခ်အရေအတွက်ထက် ပိုမိုများပြားခဲ့သည်ဟု သိရသည်။

ကိုင်လီ၏ ပရိတ်သတ်များသည် သူမ၏ရင်သွေးလေးဖွားမြင်ခဲ့သည်ဆိုသောသတင်းကို ကြားသိရချိန်ကတည်း က ကိုင်လီနှင့် ထရာဗစ်စကောတို့ ထိုရင်သွေးလေးကိုပေးနိုင်သော အမည်ကို အမျိုးမျိုးခန့်မှန်းနေခဲ့ကြသည်။

ထိုထဲမှ ပရိသတ်အများဆုံးနှစ်သက်ခဲ့သောအမည်မှာ စပိန်လို လိပ်ပြာလေးဟု အဓိပ္ပါယ်ရသည့် မာရီပိုဆာဟူ သောအမည်ဖြစ်သော်လည်း အင်္ဂါနေ့ညတွင် ထုတ်ပြန်ခဲ့သည့် ကိုင်လီ၏ကြေညာချက်မှာ ခန့်မှန်းချက်အမျိုးမျိုး ကို အဆုံးသတ်စေခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required