မြူးနစ်လေယာဉ်ပျက်ကျမှု နှစ် ၆၀ ပြည့် အောက်မေ့ဖွယ်အခမ်းအနား

မြူးနစ်လေယာဉ်ပျက်ကျမှု နှစ် ၆၀ ပြည့် အောက်မေ့ဖွယ်အခမ်းအနား
 

 

မန်ချက်စတာယူနိုက်တက်အသင်းဟာ မြူးနစ်ဖြစ်ရပ်ဆိုး နှစ် ၆၀ ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို အင်္ဂါနေ့က ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းသားတွေပါဝင်သွားခဲ့တဲ့ မြူးနစ်လေယာဉ်ပျက်ကျမှုကနေ အသက်ဘေးကလွတ်မြောက် ခဲ့သူတွေအနက် ယနေ့တိုင်အသက်ရှင်နေသူကတော့   နှစ်ဦးသာကျန်ပါတော့တယ်။

အဲဒီဘက်စ်ဘီဘေဘီများအသင်းက အသင်းသားနှစ်ဦးဖြစ်တဲ့ ဘော်ဘီချာလ်တန်နဲ့ ဟယ်ရီဂရက်တို့ဟာ အိုးထရက်ဖို့ဒ်မှာလုပ်တဲ့ အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။

အခမ်းအနားကိုတက်ရောက်လာသူတွေဟာ လေယာဉ်ပျက်ကျတဲ့အချိန်ဖြစ်တဲ့ နေ့လယ် ၃း၀၄ နာရီအတိမှာ အိုးထရက်ဖို့ဒ်ကွင်း အတွင်း မတ်တပ်ရပ်ငြိမ်သက်ခဲ့ကြပါတယ်။ ကဗျာတွေလည်းရွတ်ခဲ့ကြပါတယ်။

ဖြစ်ရပ်ဆိုးအတွက် မြူးနစ်နဲ့ ဘဲဂရိတ်မှာလည်း အခမ်းအနားပြုလုပ်ခဲ့ကြပါသေးတယ်။ နည်းပြဘက်စ်ဘီရဲ့ ငယ်ရွယ်တဲ့ အသင်းဟာ ၁၉၅၈ ဖေဖော်ဝါရီ ၆ မှာ မြူးနစ်ကနေ ဘဲဂရိတ်ကိုလေယာဉ်နဲ့ပြန်လာစဉ်မှာ နှင်းတောထဲ ပျက်ကျခဲ့တာပါ။

ယူနိုက်တက်ဟာ ဥရောပဖလားဆီမီးဖိုင်နယ်ကိုတက်ရောက်နိုင်လို့အောင်ပွဲခံခဲ့ကြပေမယ့် လေယာဉ်ပျက်ကျမှုကြောင့် အသင်း သမိုင်းတစ်လျှောက်အကောင်းဆုံးအသင်းတစ်သင်းလုံးနီးပါးကိုဆုံးရှုံးခဲ့ရပြီး ကစားသမား ရှစ်ယောက်နဲ့ အသင်းတာဝန်ရှိသူ သုံးယောက် ကွယ်လွန်ခဲ့ပါတယ်။ ခရီးသည်စုစုပေါင်းကတော့ ၂၃ ဦး ဖိတ်စင်ခဲ့ရပါတယ်။

နှစ် ၆၀ ပြည့်အောက်မေ့ဖွယ်အခမ်းအနားကို ယူနိုက်တက်တစ်သင်းလုံးနဲ့ ပရိသတ်တွေ၊ ချာလ်တန်နဲ့ ဂရက်၊ ယူနိုက်တက် နည်းပြဟောင်း ဖာဂူဆန်တို့ တက်ရောက်ခဲ့ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required