ဟန်ဆောင်လှဲချသည့်အလီဘက်မှ ပိုချက်တီနိုကာကွယ်ပြောဆို

ဟန်ဆောင်လှဲချသည့်အလီဘက်မှ ပိုချက်တီနိုကာကွယ်ပြောဆို

ဖေဖော်ဝါရီ ၇၊ လန်ဒန်။          ။ စပါးနည်းပြပိုချက်တီနိုသည် ဟန်ဆောင်လှဲချမှုနှင့်ပတ်သက်ပြီး အငြင်းအခုန်ဖြစ်နေသည့် ဒယ်လီအလီဘက်မှ ကာကွယ်ခဲ့ပြီး ဘောလုံးဆိုသည်မှာ ပြိုင်ဘက်ကိုလှည့်စားခြင်းပင်ဖြစ်သည်ဟု ပြောသည်။

အသက် ၂၁ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်ကစားသမားသည် ၂၀၁၅ တွင်ပွဲထွက်ခွင့်ရလာပြီးကတည်းက ဟန်ဆောင်လှဲချမှု အတွက် အဝါကတ်သုံးကတ်ပြခံထားရပြီး အခြားကစားသမားများထက် ပိုများသည့်အရေအတွက်ဖြစ်သည်။

နောက်ဆုံးဟန်ဆောင်လှဲချမှုမှာ လီဗာပူးလ်နှင့်နှစ်ဂိုးစီသရေကျသည့်ပွဲတွင်ဖြစ်ပြီး ပိုချက်တီနိုကမူ ကစားသမားသမားများ အနေဖြင့် အနိုင်ရရန်နည်းလမ်းအစုံသုံးမည်ဖြစ်၍ ကြီးကျယ်သည့်ကိစ္စမဟုတ်ဟု ဆိုသည်။

“လွန်ခဲ့တဲ့ နှစ် ၂၀၊ ၃၀ တုန်းကဆိုရင် ဒီလိုမျိုးအဖြစ်မျိုးက ကစားသမားအတွက်ဂုဏ်ယူလေ့ရှိကြတယ်။ ဒိုင်ကိုလှည့်စားနိုင်ခဲ့တဲ့ အတွက်ပေါ့။ အာဂျင်တီးနားမှာရော အင်္ဂလန်မှာရောပဲ။

အင်္ဂလန်မှာတော့ ခင်ဗျားဟာရိုးသားပြီး အမြဲတမ်းပြီးပြည့်စုံသူလို့ ယုံကြည်ကြပါတယ်။ ဒါက ဘောလုံးအားကစားပါ။ ကျွန်တော်ငယ်ငယ်ကတည်းက ချစ်မြတ်နိုးတဲ့အရာပါ။ ဘောလုံးဆိုတာက ပြိုင်ဘက်ကိုအနည်းနဲ့အများတော့ လှည့်စားရတာပဲလေ။ မဟုတ်ဘူးလား”ဟု ပိုချက်တီနိုကပြောသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required