ဂန္တဝင်မြောက် ဇာတ်ကားများ၏ ဖန်တီးရှင် ဒါရိုက်တာ မောင်တင်ဦးအသည်းရောဂါ ဖြင့် ကွယ်လွန်

ဂန္တဝင်မြောက် ဇာတ်ကားများ၏ ဖန်တီးရှင် ဒါရိုက်တာ မောင်တင်ဦးအသည်းရောဂါ ဖြင့် ကွယ်လွန်
(ဓာတ်ပုံ - ဘိုဘို၊ မဇ္စျိမ)

ရန်ကုန် ၊ သြဂုတ် ၂၄ ။          ။ အောင်မြင် ကျော်ကြားသည့် မြန်မာ ဂန္တဝင် ရုပ်ရှင် ဇာတ်ကားများကို ဖန်တီး ခဲ့သည့် အကယ်ဒမီ ဒါရိုက်တာ မောင်တင်ဦး သည် သြဂုတ် ၂၄ ရက် နံနက် ၉ နာရီတွင် မန္တလေးမြို့ရှိ ၎င်း၏ နေအိမ်၌ အသည်းရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

ဒါရိုက်တာ မောင်တင်ဦးသည် သြင်္ကန်မိုး ၊ မမစိမ်း ၊ ဒဏ္ဍာရီ ၊ ပန်းမြိုင်လည်ကဥယျာဉ်မှူး ၊ မမုန်းလေနဲ့ငပလီ  တစ်ခါကတစ်ဘဝ စသည့် ရုပ်ရှင် ဇာတ်ကားများကို ဖန်တီး ခဲ့သူ တစ်ဦးလည်း ဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၇၅ နှစ်ရှိပြီ ဖြစ်သည်။

ဒါရိုက်တာ မောင်တင်ဦး၏ ဇနီးဖြစ်သူ ဒေါ်တင်တင်အေးက " အသည်းရောဂါ ခံစား နေရတာတော့ တစ်နှစ်လောက် ရှိပြီ။ ဆေးရုံ တက်လိုက် ဆင်းလိုက် နဲ့ပဲ ရောဂါ ပြင်းပြင်း ထန်ထန် ခံစား ရတာတော့ မရှိပါဘူး။ " ဟု ပြောသည်။

ဒါရိုက်တာ မောင်တင်ဦး ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူနှင့် သမီးသုံးဦး ကျန်ရစ်ခဲ့ပြီး တိုင်းချစ်သခင် ဦးသိန်းဖေ ၏ သားဖြစ်ကာ ကွယ်လွန် သွားခဲ့ပြီ ဖြစ်သည့် သရုပ်ဆောင် အဆိုတော် ဇော်ဝမ်း၏ အစ်ကို အရင်းလည်း ဖြစ် သည်။

ဒါရိုက်တာ မောင်တင်ဦး ကွယ်လွန်ခြင်းနှင့် ပတ်သက်ပြီး သရုပ်ဆောင် အကယ်ဒမီ ဇင်ဝိုင်း က " ကျွန်တော့ ဖခင် တစ်ယောက် ဆုံးပါးသွားသလို ခံစားရပါတယ်။ စိတ်ထဲမှာ ကြေကွဲ သလို ခံစား ရတယ်။ အနုပညာ လောက အတွက်လည်း နှမြောတယ် ။ ကျွန်တော် မနက်ဖြန် ဖြစ်ဖြစ် သန်ဘက်ခါ ဖြစ်ဖြစ် မန္တလေး သွားမှာပါ" ဟု ပြောသည်။

၎င်းသည် ၁၉၇၂ ခုနှစ်တွင် နေထွက်သောည ရုပ်ရှင်ဇာတ်ကား ၊ ၁၉၇၈ ခုနှစ်တွင် တစ်ခါက တစ်ဘ၀ ရုပ်ရှင် ဇာတ်ကား ၊ ၁၉၈၅ ခုနှစ် တွင် သြင်္ကန်မိုး ရုပ်ရှင် ဇာတ်ကား၊ ၁၉၉၅ ခုနှစ်တွင် တိုက်ပွဲခေါ်သံ ရုပ်ရှင် ဇာတ်ကား၊ ၂၀၀၁ ခုနှစ်တွင် နှလုံးလှလူမိုက် ရုပ်ရှင် ဇာတ်ကား များဖြင့် အကယ်ဒမီ ငါးဆု ရရှိ ထား သည့် အနုပညာရှင် တစ်ဦး ဖြစ်သည်။

၎င်းသည် ကွယ်လွန်ချိန်တွင် သမီး သုံးယောက်နှင့် ဇနီးသည်တို့ကျန်ရစ်သည်။  ဒါရိုက်တာ မောင်တင်ဦးသည် အသက် ၂၇ နှစ်အရွယ်တွင် အနုပညာ လောကသို့စတင်ဝင်ရောက်ခဲ့ပြီး ရှုမဝ ဦးကျော်ထံတွင်  ညီဖြစ်သူ အနုပညာရှင်  ဇော်ဝမ်းနှင့် အတူ ပညာသင်ယူခဲ့ကာ စေလိုရာစေ ရုပ်ရှင်ဇာတ်ကားကို ရှုမဝဦးကျော်နှင့် တွဲဖက် ရိုက်ကူးခဲ့သည်။

ဒါရိုက်တာမောင်တင်ဦး၏ နာရေးကို ၂၀၁၅ ခုနှစ် သြဂုတ်လ ၂၇ ရက် မွန်းလွဲ ၃ နာရီတွင် တောင်အင်း၊ မြောက်အင်း သုသာန်သို့ ပို့ဆောင် သြင်္ဂ ိုဟ်မည်ဖြစ်ပြီး ရန်ကုန်မြို့ရှိ အနုပညာရှင်များလည်း လိုက်ပါ ပို့ဆောင် ကြမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required