နယ်သာလန်အသင်းကိုကိုင်တွယ်ရန် ရော်နယ်ကိုးမန်းသဘောတူ

နယ်သာလန်အသင်းကိုကိုင်တွယ်ရန် ရော်နယ်ကိုးမန်းသဘောတူ

ဖေဖော်ဝါရီ ၆၊ နယ်သာလန်။          ။ အဲဗာတန်နည်းပြဟောင်း ရော်နယ်ကိုးမန်းသည် နယ်သာလန်လက်ရွေးစင်အသင်းကိုတာဝန်ယူကိုင်တွယ်ရန် သဘောတူညီမှု ရခဲ့သည်။

နယ်သာလန်လူမျိုးနည်းပြသည် ပရီးမီးယားလိဂ်ရာသီအစပိုင်းရလဒ်ဆိုးများကြောင့် အောက်တိုဘာတွင် အဲဗာတန်နည်းပြအဖြစ်မှ ထွက်ခွာခဲ့ရပြီးနောက် အသင်းလက်မဲ့ဖြစ်နေသည်။

သို့သော်လည်း ၎င်းအနေဖြင့် နယ်သာလန်နည်းပြအဖြစ်မှ အက်ဒဗိုကတ်ထွက်ခွာသွားပြီးနောက် နည်းပြလောကသို့ပြန်လည် ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

ကိုးမန်းသည်ကစားသမားဘဝက နယ်သာလန်လက်ရွေးစင်အသင်းအတွက် ၇၈ ပွဲကစားပြီး ၁၄ ဂိုးသွင်းပေးထားသည်။ နယ်သာလန်လက်ရွေးစင်အသင်း ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲကျရှုံးပြီးနောက် အသက် ၅၄ နှစ်အရွယ်နည်းပြ ကိုးမန်းလက်ထဲသို့ တာဝန်ကြီးတစ်ခုကျရောက်လာခဲ့ခြင်းလည်း ဖြစ်သည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required