တောင်ကိုရီးယား Samsung ကုမ္ပဏီ အမွေခံသူဌေး အကျဉ်းထောင်မှ ပြန်လွတ်လာ

တောင်ကိုရီးယား Samsung ကုမ္ပဏီ အမွေခံသူဌေး အကျဉ်းထောင်မှ ပြန်လွတ်လာ

ဖေဖော်ဝါရီ ၅ ။           ။ တောင်ကိုရီးယားလုပ်ငန်းစုကြီးဖြစ်တဲ့ Samsung ရဲ့ အမွေခံသူဌေး Lee Jae-yong ယခုအခါ အကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်လာခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။

ဖေဖော်ဝါရီ ၅ ရက် တောင်ကိုရီးယား အယူခံတရားရုံးက ဆုံးဖြတ်ချက်ချမှတ်ရာတွင် ဘီလျံနာသူဌေးကြီး Lee Jae-yong အပေါ် စွဲဆိုထားခဲ့တဲ့ လာဘ်ထိုးမှု စွဲချက်အများစုကို ပယ်ချသွားခဲ့ပြီး ၎င်း၏ ထောင်ဒဏ်ပြစ်ဒဏ်ကိုလည်း ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် လျှော့ချပေးသွားခဲ့တာကြောင့် Lee ကို အကျဉ်းထောင်ကနေ အားချင်း ပြန်လည်လွတ်မြောက်သွားစေခဲ့ပါတယ်။

ယခင် သမ္မတဟောင်း Park Geun-hye အပေါ် လာဘ်ထိုးမှုနဲ့ Lee ကို ထောင်ဒဏ် ငါးနှစ် ချမှတ်ထားခဲ့ပြီး ယခုအခါ တရားရုံးက ယင်းကို ဆိုင်းငံ့လိုက်တာဖြစ်ပါတယ်။

ယင်းဆုံးဖြတ်ချက်ကြောင့် အဆိုပါအမှုမှာ Lee အနေနဲ့ နိုင်ငံရဲ့ အမြင့်ဆုံး တရားလွှတ်တော်ချုပ်ထံ နောက်တစ်ကြိမ် အယူခံတင်သွင်းခွင့် ရသွားဖွယ်လည်း ရှိနေပြီ ဖြစ်ပါတယ်။

Samsung လုပ်ငန်းစုကြီးကို အဓိက ဆက်ခံလုပ်ကိုင်မယ့်သူအဖြစ် ရှိနေခဲ့တဲ့ အသက် ၄၉ နှစ်အရွယ် ဘီလျံနာသူဌေးကြီး Lee ဟာ ပြီးခဲ့တဲ့ သြဂုတ်လက ခြစားမှု၊ လာဘ်ထိုးမှုတို့နဲ့ စွဲချက်တင်ခံခဲ့ရပြီး ထောင်ငါးနှစ် ချမှတ်ခံခဲ့ရပါတယ်။

 ဒါပေမယ့်လည်း ဖေဖော်ဝါရီ ၅ ရက် တရားရုံးဆုံးဖြတ်ချက်မှာတော့ ၎င်းရဲ့ ပြစ်ဒဏ်ကို နှစ် နှစ်ခွဲအထိ ပြန်လျှော့ချပေးခဲ့သလို ယင်းပြစ်ဒဏ်ကို ဆိုင်းငံ့ထားဖို့ကိုလည်း ဆုံးဖြတ်သွားခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required