နှစ်စဉ်ကျင်းပနေကျ ဂျပန်နိုင်ငံရဲ့ အကြီးကျယ်ဆုံးသော နှင်းပွဲတော် စတင်

နှစ်စဉ်ကျင်းပနေကျ ဂျပန်နိုင်ငံရဲ့ အကြီးကျယ်ဆုံးသော နှင်းပွဲတော် စတင်

ဖေဖော်ဝါရီ ၅ ။         ။ ဂျပန်နိုင်ငံမှာ တစ်နှစ်တစ်ကြိမ် ကျင်းပနေကျဖြစ်တဲ့ အကြီးကျယ်ဆုံးသော နှင်းပွဲတော်တစ်ရပ်ကို ဖေဖော်ဝါရီ ၅ ရက်က နိုင်ငံမြောက်ပိုင်း Sapporo မြို့မှာ စတင်ဖွင့်လှစ်ကျင်းပခဲ့ပါတယ်။

ယင်း နှင်းပွဲတော် အခမ်းအနားအတွင်းမှာတော့ နှင်း၊ ရေခဲ တို့နဲ့ ထုဆစ်ထားတဲ့ ပန်းပုလက်ရာပေါင်း ၂၀၀ ကျော်ကို ခင်းကျင်းပြသခဲ့ကြပါတယ်။

ယခုနှစ် Sapporo နှင်းပွဲတော်မှာ ပါဝင်တဲ့ နှင်းပန်းပုလက်ရာအများစုကတော့ ဂျပန်နိုင်ငံရဲ့ ကာတွန်းဇာတ်ကောင်လေးတွေကို ပုံဖော်ထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။

အဆိုပါ နှင်း ပွဲတော်ကိုတော့ ဟော့ကိုင်းဒိုး ကျွန်းပေါ်က နေရာသုံးနေရာမှာ ရှစ်ရက်ကြာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ယင်း ပွဲတော်အခမ်းအနားကို ပြည်တွင်း ပြည်ပက ဧည့်ပရိသတ်ပေါင်း ၂ သန်းကျော်ထိ လာရောက်ကြည့်ရှုကြမယ်လို့ ပွဲစီစဉ်သူတွေက ခန့်မှန်းထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required