သမီးဦးလေးဖွားမြင်ခဲ့ပြီဟု ကိုင်လီဂျန်နာ ကြေညာ

သမီးဦးလေးဖွားမြင်ခဲ့ပြီဟု ကိုင်လီဂျန်နာ ကြေညာ

 

အမေရိကန်မော်ဒယ်နှင့် ရုပ်သံကြယ်ပွင့်တစ်ဦးဖြစ်သူ ကိုင်လီဂျန်နာက သူမသည် ရက်ပ်အဆိုတော် ထရာဗစ်စကော့နှင့်ရရှိခဲ့သည့် သမီးဦးလေးကိုယ်ဝန်ကို မကြာခင်ကဖွားမြင်ခဲ့သည်ဟု တနင်္ဂနွေနေ့က အတည်ပြုကြေညာခဲ့ပြီး သူမကိုယ်ဝန်နှင့်ပက်သက်သော ကောလဟာလများကို အဆုံးသတ်စေခဲ့သည်။

အသက် ၂၀အရွယ်ရှိ မော်ဒယ်မလေး ကိုင်လီဂျန်နာသည် အဆိုပါသတင်းကို သူမ၏အင်စတာဂရမ်မှတဆင့် အတည်ပြုခဲ့ခြင်းဖြစ်ပြီး “လွန်ခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁ ရက်နေ့တုန်းက လှပပြီး ကျန်းမာတဲ့ သမီးလေးကိုဖွားမြင်ခဲ့ပါတယ်” ဟု ပြောဆိုခဲ့ကာ သူမ၏ကိုယ်ဝန်သတင်းကို လျှို့ဝှက်ထားရခြင်းနှင့်ပက်သက်၍ ပရိသတ်များအား တောင်းပန်ခဲ့သည်။

“ရှင်တို့အားလုံးကို သတင်းအမှောင်ချထားပြီး ခန့်မှန်းချက်အမျိုးမျိုး ထွက်ပေါ်စေခဲ့တာနဲ့ပက်သက်လို့ တောင်းပန်ပါတယ်။ ကျွန်မလုပ်သမျှကိစ္စတိုင်းကို ရှင်တို့အားလုံးကိုအသိပေးခဲ့ဖူးပါတယ်။ ဒါပေမယ့်ကျွန်မရဲ့ ကိုယ်ဝန်နဲ့ပက်သက်လို့ကတော့ နှုတ်ဆိတ်နေဖို့ကိုပဲ ကျွန်မရွေးချယ်ခဲ့ပါတယ်” ဟု ကိုင်လီဂျန်နာက ပြောခဲ့ သည်။

ကိုင်လီဂျန်နာ၏ အစ်မတစ်ဦးဖြစ်သော ကင်မ်ကာဒါရှန်းသည်လည်း ပြီးခဲ့သောဇန်နဝါရီလက ရက်ပ်အဆိုတော် ကန်ယေးဝက်စ်နှင့် တတိယမြောက်ကလေးရရှိခဲ့ပြီဆိုသော သတင်းကိုကြေညာခဲ့သလို နောက်ထပ်အမ တစ်ဦးဖြစ်သော ကလိုဝီကာဒါရှန်းကလည်း လွန်ခဲ့သောဒီဇင်ဘာလက သူမ၏ချစ်သူဖြစ်သော ဘတ်စကတ် ဘောကစားသမား တရစ္စတန်သောမတ်စ်နှင့် ရရှိသော ကိုယ်ဝန်လွယ်ထားရပြီဟု ကြေညာခဲ့ဖူးသည်။

Ref: Reuters

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required