ပြင်ဦးလွင်မြို့ နန်းမြိုင်ဟိုတယ် နှစ် ၁၀၀ ပြည့် အခမ်းအနားပြုလုပ်မည်

ပြင်ဦးလွင်မြို့ နန်းမြိုင်ဟိုတယ် နှစ် ၁၀၀ ပြည့် အခမ်းအနားပြုလုပ်မည်

ပြင်ဦးလွင်၊ဖေဖော်ဝါရီ ၅ ။          ။ နန်းမြိုင်ဟိုတယ် နှစ်တစ်ရာပြည့်အခမ်းအနားကို ၎င်းဟိုတယ်တည်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင်  မတ်လ ၁ ရက်နေ့မှစတင်၍ ဧပြီလ ၃၀ ရက်နေ့အထိ ပြုလုပ်သွားမည်ဟု နန်းမြိုင်ဟိုတယ်အား ငှားရမ်းလုပ်ပိုင်ခွင့်ရရှိထားသည့် အမျိုးသားကူးသန်းရောင်းဝယ်ရေးကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးဌေးအောင်ကပြောသည်။

အဆိုပါ နှစ်တစ်ရာပြည့်အခမ်းအနားတွင် ဂီတဖျော်ဖြေရေးပွဲများအပြင် ရုပ်ရှင်အစည်းအရုံးနှင့်ညှိုနှိုင်း၍လည်း ဖျော်ဖြေတင်ဆက်မှုများပြုလုပ်သွားမည်ဖြစ်သည်။ ထို့အပြင် အငြိမ့်၊ မြေဝိုင်းဇာတ်၊ ရုပ်သေးပွဲများ၊ စာပေဟောပြောပွဲများ၊ ကလေးစာပေပွဲတော်နှင့် ဈေးရောင်းပွဲတော်များလည်း ထည့်သွင်းပြုလုပ်သွားမည်ဟု ဦးဌေးအောင်ကဆိုသည်။

"ဒီနှစ်တစ်ရာပြည့်ပွဲက ကျွန်တော်တို့ ငှားရမ်းတဲ့ကာလမှာ တိုင်ဆိုင်နေတဲ့အခါကျတော့ အများသူငါတွေသိရှိအောင် ရှေးဟောင်းအမွေအနှစ်တွေကို ထိန်းသိမ်းနေတဲ့ အနေအထားတွေကို အများသူငါ ပါဝင်လာအောင်ဆိုပြီး ဒီပွဲကို ရည်ရွယ်ကျင်းပခြင်းဖြစ်ပါတယ်"ဟု ဦးဌေးအောင်ကပြောသည်။

အဆိုပါ နန်းမြိုင်အဆောက်အဦးကို မြန်မာနိုင်ငံတွင် ၁၉၁၈ ခုနှစ်မှ ၁၉၂၂ ခုနှစ်အထိ စီရင်အုပ်ချုပ်ခဲ့သော ဒုတိယဘုရင်ခံ Sir.Reginald H.Craddock လက်ထက်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ နန်းမြိုင်ဟိုတယ်အား ယခင်ကာလက ဟို/တယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနကဖွင့်လှစ်ခဲ့ပြီး ၂၀၁၃ခုနှစ်မှ စတင်၍ အမျိုးသားကူးသန်းရောင်းဝယ်ရေးကုမ္ပဏီက ငှားရမ်းလုပ်ကိုင်ခွင့်ရရှိခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required