တစ်နိုင်ငံလုံး မဲစာရင်းထုတ်ပြန်ရန် စက်တင်ဘာ သို့ရွှေ့ဆိုင်း

တစ်နိုင်ငံလုံး မဲစာရင်းထုတ်ပြန်ရန် စက်တင်ဘာ သို့ရွှေ့ဆိုင်း

သြဂုတ် ၂၄ ရက် ။          ။ မြန်မာတစ်နိုင်ငံလုံးအတွက် မဲစာရင်းများကို စက်တင်ဘာလမှ သာလျင် ကြေငြာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

မူလက သြဂုတ် ၂၃ မှ စက်တင်ဘာ ၆ ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာကြေငြာရန် အစီအစဉ်ရှိခဲ့သော်လည်း နိုင်ငံတစ်ဝန်း မိုးသည်းထန်သဖြင့် တိုင်းနှင့်ပြည်နယ် ၁၄ ခု ရှိသည့်အနက် ၁၂ ခုတွင် သဘာဝဘေးဆိုက်ရောက်နေ သဖြင့် ရွှေ့ဆိုင်းလိုက်ရသည်ဟုသိရသည်။

"နိုင်ငံတဝန်းကမဲဆန္ဒရှင်တွေဟာ ပြန်လည်ထူထောင်ရေးကိစ္စတွေဆောင်ရွက်နေကြရတဲ့အတွက် သူတို့ရဲ့အမည်တွေ မဲစာရင်းထဲမှာပါလားမပါလားဆိုတာ သွားကြည့်ကြဖို့ မဖြစ်နိုင်တဲ့ အနေအထားကြောင့်ပါ။" ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် UEC ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်ကပြောသည်။

မဲဆန္ဒရှင်များသည် မဲစာရင်း၌ အမည်ပါမပါ၊ မဲစာရင်းမှန်မမှန်ကို စိစစ်ရန်အတွက် အချိန် ၁၄ ရက်ရရှိမည်ဖြစ်သည်။

သြဂုတ် ၃ ရက် ကြေညာချက်အမှတ် ၄၁/ ၂၀၁၅ အရ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း တင်သွင်းရမည့် နောက်ဆုံးရက်မှာ သြဂုတ်လ ၁၄ တွင်ကုန်သွားပြီဖြစ်သည်။ ၎င်းတို့၏ တင်သွင်းလွှာများကို ရုတ်သိမ်းရမည့်ရက်သည်လည်း သြဂုတ် ၁၇ တွင်နောက်ဆုံးဖြစ်သည်။

ယင်းကြေညာချက် ၂ (ဂ) ၌ လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းကို စိစစ်ရမည့်ရက်အား သြဂုတ် ၁၈-၂၇ သတ်မှတ်ထားသော်လည်း သြဂုတ် ၂၁ ထပ်မံပြောင်းလဲပြင်ဆင်မှုအရ သြဂုတ် ၃၁ အထိ တိုးမြှင့်သွားသည်။

နိုဝင်ဘာ ၈ ရက်တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူ ၃၂ သန်းရှိသည်ဟု UEC ကြေငြာ ထားသည်။

Ref; The Global New Light of Myanmar

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly