ရန်ကုန်-ပုသိမ်ကားလမ်းဘေး ဘင်္ဂါလီ ၂၁ ဦး ဖမ်းဆီးရမိ

ရန်ကုန်-ပုသိမ်ကားလမ်းဘေး ဘင်္ဂါလီ ၂၁ ဦး ဖမ်းဆီးရမိ
 

မအူပင်ခရိုင်၊ညောင်တုန်းမြို့နယ်၊ အသင်းစုကျေးရွာ အနီး ရန်ကုန်-ပုသိမ်ကားလမ်းဘေးတွင် ဖေဖော်ဝါရီလ ၃ရက်နေ့၊ နေ့လည်၂နာရီတွင် ဘင်္ဂါလီ ၂၁ဦးအား ဆားမလောက်ရဲကင်းမှူးဦးဆောင်ပြီး ဖမ်းဆီးရမိကြောင်းကို ဧရာဝတီတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဒုတိယရဲမှူးကြီးခင်မောင်လတ်က မဇ္ဈိမသို့ပြောသည်။

”ကားပေါ်ပါလာသည့်ဘင်္ဂါလီ၂၁ဦးအား လူဝင်မှုကြီးကြပ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမှာပါ၊ အခုတော့ စစ်ဆေးနေပါတယ်၊သယ်ဆောင်လာတဲ့သူတွေကို ရာဇသတ်ကြီးဥပဒေနဲ့ အရေးယူဆောင်ရွက်သွားမှာပါ၊အခုတော့ စစ်ဆေးနေဆဲဖြစ်ပါတယ်”ဟု ဒုတိယရဲမှူးကြီးခင်မောင်လတ်ကပြောသည်။

မအူပင်ခရိုင်၊ညောင်တုန်းမြို့နယ်၊ အသင်းစုကျေးရွာအနီးတွင် ရန်ကုန်-ပုသိမ်ကားလမ်း မိုင်တိုင်၂၉/၅နှင့်၂၉/၆တွင် ကုန်တင်ကားတစ်စီးရပ်တန်ထားကြောင်း သတင်းရ၍ ဆားမလောက်ရဲကင်းမှူးအဖွဲ့မှ သွားရောက်စစ်ဆေးရာ ယာဉ်မောင်းဦးတင်ထွန်းအောင် မောင်းနှင်လာသည့်ကားတွင် ဘင်္ဂါလီ၂၁ဦးအား တွေ့ရှိရခြင်း ဖြစ်သည်။ 

" ရန်ကုန်-ပုသိမ်ကားလမ်းဘေးမှာ ကုန်ကားတစ်စီးရပ်ထားတယ်တာလှည့်ကင်းဆောင်ရွက်နေတဲ့ရဲတပ်ဖွဲ့ဝင်တွေက မသင်္ကာလိုစစ်ဆေးတော့တွေ့တာ၊ ဆားမလောက်နေရာမှာ ကားချိန်းဖို့လုပ်ထားတာ၊ တစ်ယောက်ကို ဆယ်သိန်းငါးသောင်းပေးရတယ်လိုပြောတယ်၊ကျောက်ဖြူ၊စစ်တွေ၊သံတွဲ ရှိ ဒုက္ခသည်စခန်းတွေက လာတယ်ဖြစ်တယ်လို ဖမ်းမိသူတွေကပြောတယ်" ဟု ညောင်တုန်းမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ်ဒေါ်နီနီမိုးကပြောသည်။

ညောင်တုန်းမြို့နယ်၊အသင်းစုကျေးရွာအနီးတွင် ဖမ်းဆီးရမိသည့် ဘင်္ဂါလီများတွင် အမျိုးသား၁၂ဦးနှင့်အမျိုးသမီး၆ဦး၊ကလေး၃ဦး စုစုပေါင်း၂၁ဦးအား ဆားမလောက်ရဲစခန်းရဲကင်းမှူးအဖွဲ့  ကဖမ်းဆီးရမိခြင်းဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့သည် နယ်မြေထိစပ်လျက်ရှိပြီး၊ ရခိုင်ပြည်နယ် ဂွမြို့နယ်မှာ ဂွ-ငါးသိုင်းချောင်းကားလမ်းလည်းရှိသည်၊ယခု ညောင်တုန်းမြို့နယ်တွင် ဘင်္ဂါလီများအား ၂၀၁၈ခုနှစ်တွင် ပထမဆုံးအကြိမ်ဖမ်းဆီးရမိခြင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required