ဆန်းချက်ဇ်ကို မရောင်းဖြစ်ခဲ့ခြင်းမှာ ပေါင်သန်း ၆၀ တန်အမှားဟု ဝင်းဂါးဝန်ခံ

ဆန်းချက်ဇ်ကို မရောင်းဖြစ်ခဲ့ခြင်းမှာ ပေါင်သန်း ၆၀ တန်အမှားဟု ဝင်းဂါးဝန်ခံ

 

ဖေဖော်ဝါရီ ၃၊ လန်ဒန်။          ။ ဆန်းချက်ဇ်ကို ပြီးခဲ့သည့်နွေရာသီတွင်မရောင်းဖြစ်ခဲ့ခြင်းမှာ ပေါင်သန်း ၆၀ တန်အမှားဖြစ်ကြောင်း အာစင်ဝင်းဂါးက ဝန်ခံပြောဆို လိုက်သည်။

အကယ်၍သာ အချိန်နောက်ပြန်၍ရပါက ပြီးခဲ့သည့်သြဂုတ်လ အပြောင်းအရွှေ့နောက်ဆုံးရက်တွင် မန်စီးတီး၏ ပြောင်းရွှေ့ကြေး အမြောက်အများဖြင့်ကမ်းလှမ်းမှုကိုလက်ခံကာ ဆန်းချက်ဇ်ကိုရောင်းချမည်ဖြစ်သည်ဟုလည်း အာစင်ဝင်းဂါးကဆိုသည်။

ဆန်းချက်ဇ်၏ မန်ယူနိုက်တက်နှင့်စာချုပ်မှာ တစ်ပတ်ပေါင် ၆၀၀, ၀၀၀ ပင်ကျော်လောက်သည်ဟုလည်း ဝင်းဂါးကပြောသည်။ ကစားသမားကိုလက်လွှတ်ခဲ့ရသဖြင့်နောင်တရနေသည့် စကားမျိုးမပြောဖြစ်အောင် ထိန်းနေသော်လည်း အသင်းတွင်မပျော်သည့် ကစားသမားကို ဆက်ထိန်းထားရန်ခက်သည်ဟု ဝင်းဂါးကပြောသည်။

စာချုပ်သက်တမ်းကုန်တော့မည်ဖြစ်၍ ဆန်းချက်ဇ်ကိုရောင်းချခဲ့သင့်ကြောင်း သို့သော် အစားထိုးမည့်ကစားသမားကို ဆုံးဖြတ် ထားပြီး မိုနာကိုမှသောမတ်စ်လီမာကိုခေါ်ယူရန်ကြိုးစားခဲ့ကြောင်း ဝင်းဂါးက ဝန်ခံသည်။

အာဆင်နယ်အသင်းသည် ပြီးခဲ့သည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ဆန်းချက်ဇ်ကို မန်ယူနိုက်တက်မှ မစ်ခီတာယန်နှင့် တိုက်ရိုက်လဲလှယ်ခဲ့ရသည်။

Ref; Mirror

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required