အင်ဒိုနီးရှားတွင် လိင်တူ၊ ဒွိလိင်ချစ်သူများကို စိတ်ရောဂါရှိသူများအဖြစ် စာရင််းသွင်း

အင်ဒိုနီးရှားတွင် လိင်တူ၊ ဒွိလိင်ချစ်သူများကို စိတ်ရောဂါရှိသူများအဖြစ် စာရင််းသွင်း

 

ဂျကာတာ၊ ဖေဖော်ဝါရီ ၃ ။               ။ လိင်တူ၊ ဒွိလိင်ချစ်သူများကို စိတ်ရောဂါရှိသူများအဖြစ် သတ်မှတ်ထားသော ကျန်းမာရေးလမ်းညွှန်ချက်တစ်ရပ်အား အင်ဒိုနီးရှားက ထုတ်ဝေမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂ ရက်တွင် ကြေညာသည်။

အဆိုပါ လမ်းညွှန်ချက်တွင် မိန်းမချင်းချစ်သူ၊ ယောက်ကျားခြင်းချစ်သူ၊ ဒွိလိင်ချစ်သူ စသူတို့သည် ၎င်းတို့၏ လိင်တိမ်းညွတ်မှုအရဖြစ်သော စိတ်ရောဂါဘေး စိုးရိမ်ရသူများဖြစ်ကြောင်း စိတ်ကျန်းမာရေးပြဿနာ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး ညွှန်ကြားရေးမှူး ဖီဒီယန်စယက်ရှ်က အီးပီအေသတင်းသို့ ပြောသည်။

“ကျန်းမာရေးလမ်းညွှန်ချက်ဟာ နောက်ဆုံးအပြီးကို ရောက်နေပြီ။ ခုနှစ်အတွင်းမှာ အဓိကပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်သွားမှာ ဖြစ်တယ်။”ဟု ၎င်းက ဆိုသည်။

ယခုလမ်းညွှန်ချက်ကို ၂၀၁၆ ခုနှစ်အတွင်းက အင်ဒိုနီးရှားစိတ်ပညာရှင်များအသင်း PDSKJI ၏ စာတမ်းတစ်စောင်နှင့် ယမန်နှစ်က ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ဝေခဲ့သော စာတမ်းတစ်စောင်တို့အပေါ် အခြေပြုကာ ရေးသားထားခြင်း ဖြစ်သည်။

PDSKJI ၏ စာတမ်းတွင် လိင်တူချစ်သူများနှင့် ဒွိလိင်ချစ်သူများသည် စိတ်ကျခြင်းကဲ့သို့သော ခံစားမှုဆိုင်ရာပြဿနာများ ဘေးများကြောင်း၊ လိင်ပြောင်းသူများက စိတ်ပျော့ညံ့မှုရှိကာ ရောဂါအဆင့်ထိ ကြီးထွားနိုင်ခြေရှိသူများဖြစ်ကြောင်း ရေးသားထားသည်။

ထိုပြင် ထိုသို့သော လိင်တူဒွိလိင်ချစ်သူများအနေဖြင့် ဆေးကုသခြင်းနှင့် ကျန်းမာရေးစောင့်ကြည့်ခြင်းကဲ့သို့သော အခွင့်အရေးများကို ရရှိသင့်ကြောင်းလည်း ယင်းစာတမ်းတွင် မှတ်ချက်ပြုထားသည်။

အီးပီအေသတင်းဌာနက ရရှိသော ကျန်းမာရေးဝန်ကြီးဌာန၏ စာတမ်းတွင် ဘာသာရေးဆိုင်ရာ ဝန်ကြီးဌာနကဲ့သို့သော အခြားသော ဝန်ကြီးများသို့ အကြံပြုချက်များ တင်ပြထားသည်ကို တွေ့ရပြီး လိင်တူဒွိလိင်ချစ်သူများသည် နိုင်ငံ၏ လက္ခဏာအပေါ် အရိပ်စွန်းထင်းစေကြောင်း အကြံပြုထားသည်။

အစ္စလာမ်ရှာရီယာဥပဒေ ကျင့်သုံးသော ဆူမတြားကျွန်းရှိ အာချေးပြည်နယ်မှလွဲ၍ အင်ဒိုနီးရှားတွင် လိင်တူဒွိလိင်ချစ်သူများကို တရားဝင်ခွင့်ပြုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags