စွန့်ဦးတီထွင်လုပ်ကိုင်သူများကို ကူညီပေးမည်ဟု မန်းတိုင်း ဝန်ကြီးချုပ်ပြော

စွန့်ဦးတီထွင်လုပ်ကိုင်သူများကို ကူညီပေးမည်ဟု မန်းတိုင်း ဝန်ကြီးချုပ်ပြော

မန္တလေး၊ဖေဖော်ဝါရီ ၃ ။               ။ စွန့်ဦးတီထွင်လုပ်ငန်းလုပ်ကိုင်နေသောလူငယ်များကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လိုအပ်သည်များ ကူညီပေးသွားမည်ဟု ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဖေဖော်ဝါရီလ ၃ ရက်၊နံနက် ၉ နာရီတွင်ပြုလုပ်သည့် မြန်မာစွန့်ဦးတီထွင် ပွဲတော်တွင်ပြောသည်။

"စွန့်ဦးတီထွင်လုပ်ကိုင်နေတဲ့သူတွေကိုကူညီပေးမယ်။လူငယ်တွေကို ရှေ့တွန်းထိုးထမ်းပိုးပေးတာဟာ ကျွန်တော်တို့နိုင်ရဲ့အနာဂတ်ကို တည်ဆောက်တာပဲလို့ ယုံကြည်ပါတယ်။"ဟု ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကပြောသည်။

အဆိုပါပွဲကို ဖေဖော်ဝါရီလ ၃ ရက်နှင့် ၄ ရက် အထိ ၂ ရက် မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးတွင် ကျင်းပသွားမည် ဖြစ်သည်။

မြန်မာစွန့်ဦးတီထွင်မှုလုပ်ငန်းသည် မြန်မာနိုင်ငံ၏ စီးပွားရေးကို တစ်ဖက်တစ်လမ်းကအားပေးကူညီမည့် ရည်ရွယ်ချက်နှင့်မြန်မာနိုင်ငံ၏ အနာဂတ်အတွက် အားတက်မိသည့်စိတ်ပေါ်လာသည်ဟု ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်ကဆိုသည်။

"အလှအပ၊သဘာဝ အနာဂတ်အတွက် ပညာရေး၊ကျန်းမာရေး၊စီးပွားရေးနဲ့နိုင်ငံရဲ့စီးပွားရေးကိုတိုးတက်စေမယ့် အာမခံချက်တစ်ခုလို့ ကျွန်တော်မြင်မိလိုက်တဲ့အတွက် ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေးအတွက် အားတက်မိပါတယ်။"ဟု ဒေါက်တာဇော်မြင့်မောင်ကပြောသည်။

ဆက်လက်၍ ဒေါက်တာဇော်မြင့်မောင်က"ကျွန်တော်တို့ပြောနေကျ စကားလုံးတစ်လုံး ရှိပါတယ်။ လုပ်ငန်းရှင်၊ လုပ်ငန်းရှင်လို့ပြောပေမယ့် လုပ်ငန်းရှင်က အပိုင်းနှစ်ပိုင်းပါသွားပါတယ်။ လုပ်ငန်းရယ်။အဲဒီလုပ်ငန်းကို ဦးစီးမယ့် လုပ်ငန်းရှင်ရယ်ပါလာပါတယ်။လုပ်ငန်းရှင်ဟာ ကျွန်တော်တို့ ဒီအရင်တုန်းက သမာရိုးကျစီးပွားရေးလုပ်ငန်းတွေဆိုပြီး ရှိခဲ့ပါတယ်။ဒါပေမယ့် ဒီနေ့ခေတ်အခါမှာကြတော့ နည်းပညာကိုအခြေခံပြီးတော့ လုပ်ငန်းတွေ ပေါ်လာပါတယ်။ အဲဒါကလည်း နိုင်ငံရဲ့စီးပွားရေးမှာ ဝန်ဆောင်မှုကဏ္ဍမြှင့်တင်တဲ့အချိန်မှာ ဒီလိုလုပ်ငန်းတွေလိုပါတယ်။အဲဒီတော့ လုပ်ငန်းရှင်ဆိုရင် ခုနကပြောလိုက်တဲ့ လုပ်ငန်းမှာ ဘာလဲလို့ဆိုရင် နည်းပညာကိုအခြေခံတဲ့ ဝန်ဆောင်မှုလုပ်ငန်းဖြစ်မယ်။နည်းပညာကို အခြေခံတဲ့ထုတ်ကုန်လုပ်ငန်းဖြစ်တယ်။ နည်းပညာအခြေခံတဲ့ စီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့အတွက် ကျွန်တော်တို့ ဒီလုပ်ငန်းတွေကို ကြိုဆိုရပါမယ်။ အကူအညီပေးရပါမယ်။"ဟု ပြောသည်။

ယင်းကဲ့သို့ မြန်မာစွန့်ဦးတီထွင်ပွဲတော်ကို နှစ်စဉ်ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required