အခြားရက်ပ်အဆိုတော်တစ်ဦး၏ သီချင်းကိုပုံတူကူးထားသည်ဟု စွပ်စွဲခံနေရသည့် ၀စ်ဇ်ခါလီဖာ

အခြားရက်ပ်အဆိုတော်တစ်ဦး၏ သီချင်းကိုပုံတူကူးထားသည်ဟု စွပ်စွဲခံနေရသည့် ၀စ်ဇ်ခါလီဖာ

အမေရိကန်နာမည်ကြီးရက်ပ်အဆိုတော် ဝစ်ဇ်ခါလီဖာသည် ၂၀၁၆ ခုနှစ်ကဖြန့်ချီခဲ့သည့် သူ၏သီချင်း Most of Us တွင် လွန်ခဲ့သော ၆ နှစ်အကြာက ယင်းခေါင်းစဉ်ဖြင့်ပင်ထွက်ရှိခဲ့သော အခြားရက်ပ်အဆိုတော်တစ်ဦး၏ သီချင်းစာသားနှင့် အချိ့အစိတ်အပိုင်းများကို ပုံတူကူး၍သုံးစွဲထားခဲ့သည်ဟု စွပ်စွဲခံနေရသည်။

ခါလီဖာ၏ Most of Us သည် ရက်ပ်အဆိုတော် Cymple Man ၏ သီချင်းခေါင်းစဉ်ဖြစ်ယုံသာမက သီချင်း၏ အရေးပါသော အချို့အစိတ်အပိုင်းများကိုလည်း ပုံတူကူးထားကြောင်း မန်ဟတ်တန်ဖက်ဒရယ် တရားရုံးသို့ တင်ပြခဲ့သော အမှုတွဲအရသိရပြီး ခါလီဖာနှင့် သူ၏သီချင်းထုတ်လုပ်သူတို့ကို တရားစွဲထားကြောင်း သိရသည်။

Cymple Man က သူသည် ခါလီဖာအား Most of Us သီချင်း၏ သီချင်းမူကြမ်းကို လွန်ခဲ့သော ၂၀၁၂ ဧပြီလ တုန်းက ပေးထားခဲ့ဖူးပြီး ထိုအချိန်ကနှစ်ဦးစလုံးသည် ဖျော်ဖြေပွဲများအတွက် ခရီးထွက်နေခဲ့သည့်အတွက် နှစ်ဦးသားအတူပူးပေါင်း၍ ဖန်တီးမည့်အချိန်ကို ခါလီဖာက ဆုံးဖြတ်မည်ဟု ပြောဆိုခဲ့ဖူးကြောင်း ထွက်ဆိုခဲ့ သည်။

ထို့နောက်တွင် ထိုသီချင်းကို ခါလီဖာက မူပိုင်ခမပေးယုံသာမက မူရင်းပိုင်ရှင်၏ ခွင့်ပြုချက်မရှိပဲ သူ၏ ကိုယ်ပိုင်သီချင်းအဖြစ် အသုံးချခဲ့သည်ဟု ယင်းအမှုတွဲထဲ၌ ထွက်ဆိုထားကြောင်း သိရသည်။

ယင်းအမှုနှင့်ပတ်သက်၍ ခါလီဖာ၏ ပြောရေးဆိုခွင့်ရှိသူအမျိုးသမီးနှင့် သီချင်းထုတ်လုပ်သူတို့က မှတ်ချက်ပေး ခြင်းမရှိသေးကြောင်း သိရသည်။

အမည်ရင်း ကင်မရွန်းသောမက်စ်ဖြစ်သော ဝစ်ဇ်ခါလီဖာသည် ၂၀၁၆ ခုနှစ် Khalifa အမည်ရှိ သီချင်းအယ်လ် ဘမ်တစ်ခု ဖြန့်ချီခဲ့ပြီး ထိုအခွေထဲ၌ Most of Us သီချင်းပါရှိကာ Billboard အယ်လ်ဘမ် ၂၀၀ ဇယား၏ နံပါတ် ၆ နေရာ၌ ရပ်တည်နိုင်ခဲ့သည်။

Most of Us သီချင်းကို Youtube တွင်လည်း ကြည့်ရှုသူ သန်း ၃၀ ကျော်ရှိကြောင်း သိရသည်။

Ref: Channel News Asia

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required