ပြန်လည်ပေါင်းစည်းတော့မည်ဖြစ်သည့် Spice Girls အဖွဲ့

ပြန်လည်ပေါင်းစည်းတော့မည်ဖြစ်သည့် Spice Girls အဖွဲ့

နာမည်ကြီးအမျိုးသမီးပေါ့ပ်ဂီတအဖွဲ့ဖြစ်သော Spice Girls သည် ယခုအခါတွင် ပြန်လည်ပေါင်းစည်းကြတော့ မည်ဖြစ်ပြီး တစ်ဦးလျှင် စတာလင်ပေါင် ၁၀ သန်းခန့်ဝင်ငွေရရှိမည့် အနုပညာလုပ်ငန်းများစွာကို လုပ်ကိုင်သွား ကြတော့မည်ဟု ဗြိတိန်သတင်းမီဒီယာများက ကြာသာပတေးနေ့က သတင်းတင်ပြခဲ့သည်။

Spice Girls အဖွဲ့ဝင်များမှာ မယ်လ်ဘီ (စကယ်ရီစပိုက်)၊ အမ်မာဘန်တွန် ( ဘေဘီစပိုက်)၊ မယ်လ်စီ (စပေါ့တီစပိုက်)၊ ဂါရီဟာလီဝဲလ် ( ဂျင်ဂျာစပိုက်) နှင့် ဘောလုံးသမားဒေးဗစ်ဘက်ခမ်း၏ဇနီး ဗစ်တိုးရီးယား ဘက်ခမ်း ( ပေါ့ရှ်စပိုက်) တို့ဖြစ်ကြသည်။

စပိုက်ဂဲလ် ( Spice Girls) အဖွဲ့သည် လွန်ခဲ့သော ၂၀၀၀ ခုနှစ်ကတည်းက ပရိသတ်များနှင့်အချိန်အတော် ကြာအောင် ကင်းကွာနေခဲ့ပြီး လွန်ခဲ့သော ၂၀၁၂ ခုနှစ်က နောက်ဆုံးအနေဖြင့် အဖွဲ့လိုက် ဖျော်ဖြေခဲ့ကြသည်။

ယခုအခါတွင် ဗစ်တိုးရီးယားဘက်ခမ်းက သူမအနေဖြင့် သီချင်းမသီဆိုရပါက အဖွဲ့လိုက် အခြားသော အနုပညာလုပ်ငန်းများကို လုပ်ဆောင်သွားမည်ဟု သဘောတူညီခဲ့သည့်အတွက် Spice Girls အဖွဲ့ဝင်များကို နယ်လှည့်ဂီတဖျော်ဖြေပွဲများနှင့် မြင်တွေ့ရမည်မဟုတ်ပဲ အခြားအနုပညာပရောဂျက်များနှင့်သာ တွေ့မြင်ရမည် ဟု သိရသည်။

The Sun သတင်းစာ၏အဆိုအရ Spice Girls သည် တရုတ်ပြည်၌ ရုပ်သံပရောဂျက်များ၊ တီဗီအစီအစဉ်များ၊ သူတို့၏ပေါက်သီချင်းများကိုစု၍ အယ်လ်ဘမ်အသစ်ထုတ်ရန်နှင့် အခြားသော အနုပညာလုပ်ငန်းများ၊ ကြော်ငြာ အစီအစဉ်များကို အတူတကွလုပ်ကိုင်သွားမည်ဟု သိရသည်။

Ref: Channel News Asia

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly