ဦးဝင်းထိန် ဖေ့စ်ဘုတ်စာမျက်နှာ အကောင့်တု ပြုလုပ်သူအား အရေးယူသွားမည်

ဦးဝင်းထိန် ဖေ့စ်ဘုတ်စာမျက်နှာ အကောင့်တု ပြုလုပ်သူအား အရေးယူသွားမည်

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂ ။             ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် အမည်ဖြင့် ဖေ့စ်ဘုတ် စာမျက်နှာ အကောင့်အတု ပေါ်ထွက်နေပြီး ယင်းစာမျက်နှာ ပြုလုပ်သူအား ဆက်လက်အရေးယူဆောင်ရွက် သွားနိုင်ရန် ပြုလုပ်သွားမည်ဟု NLD ပါတီ ဗဟိုပြန်ကြားရေး ကော်မတီအဖွဲ့ဝင် ဦးကြည်တိုးက ဆိုသည်။

"ဦးဝင်းထိန် ပြောဆိုခြင်းမရှိသောစကားများ မှတ်ချက်များကို အတုအယောင်ဖန်တီးပြုလုပ်သူများကို လိုအပ်သလို ဆက်လက်အရေးယူဆောင်ရွက်သွားမယ် " ဟု ၎င်းက ဆိုသည်။

Win Htein အမည်ဖြင့် ပြုလုပ်ထားသည့် ဖေ့စ်ဘုတ်စာမျက်နှာ အကောင့်ဖြစ်သေသာ  (https://www.facebook.com/winhtein.nld/)  တွင် အစိုးရအဖွဲ့အား ကြံ့ခိုင်ရေးမှ လွှမ်းမိုးထားကြောင်း ၊ အစိုးရအဖွ့ဲ အပြောင်းအလဲများ စသည်ဖြင့် ရေးသားထားသည်။

ဦးဝင်းထိန်၏ သားဖြစ်သူ မင်္ဂလာဆောင်ကို နေပြည်တော်တွင် ကျင်းပပြုလုပ်ပြီးနောက် လက်ရှိအချိန်တွင် NLD ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်သည် သြစတေးလျနိုင်ငံသို့ သွားရောက်နေထိုင်လျက် ရှိနေသည်ဟု  ကြားသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required