ဒေါ်နယ်ထရမ့်ကိုကဲ့ရဲ့ခဲ့သည့် မာရာဒိုနာ အမေရိကန်ပြည်ဝင်ခွင့် ငြင်းဆန်ခံရဟုဆို

ဒေါ်နယ်ထရမ့်ကိုကဲ့ရဲ့ခဲ့သည့် မာရာဒိုနာ အမေရိကန်ပြည်ဝင်ခွင့် ငြင်းဆန်ခံရဟုဆို

 

ဖေဖော်ဝါရီ ၂၊ အမေရိကန်။              ။ ဒေါ်နယ်ထရမ့်နှင့်ပတ်သက်ပြီး ကဲ့ရဲ့ရှုတ်ချစကားပြောဆိုခဲ့သည့် ဒီယေဂို မာရာဒိုနာသည် အမေရိကန်ပြည်ဝင်ခွင့်ငြင်းဆန် ခံခဲ့ရသည်ဟု အေးဂျင့်ကပြောကြောင်း The Sun သတင်းတွင် ဖော်ပြထားသည်။

ဘောလုံးဂန္ထဝင်ကစားသမား၏ အမေရိကန်ဗီဇာ လျှောက်ထားမှု ပယ်ချခံရခြင်းမှာ မိခင်နိုင်ငံအာဂျင်တီးနားတွင်ပြုလုပ်သော အင်တာဗျူးတစ်ခုကြောင့်ဟုဆိုသည်။

မာရာဒိုနာက အမေရိကန်သမ္မတကို အာဂျင်တီးနားဘာသာစကားဖြင့် နည်းဖိုးနိမ့်ကျသူတစ်ယောက်ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။ မာရာဒိုနာ၏ရှေ့နေ မက်တီရာမိုလာက “ကျွန်တော်တို့ဗီလာလျှောက်တုန်းက သူ့ကိုပြောခဲ့သေးတယ်။ ဒီယေဂိုရေ ကျေးဇူးပြုပြီး အမေရိကန်အကြောင်း မပြောနဲ့လို့။

နောက်တော့ ရုပ်သံအင်တာဗျူးအစီအစဉ်ရဲ့ ဒုတိယမြောက်မေးခွန်းမှာ ဒေါ်နယ်ထရမ့်ကိုဘယ်လိုမြင်သလဲဆိုပြီး သူ့ကို အမေးခံရတယ်။ တန်ဖိုးနိမ့်ကျသူတစ်ယောက်လို့ သူကဖြေလိုက်ပါလေရော”ဟု ဆိုသည်။

မာရာဒိုနာသည် လွန်ခဲ့သည့် နှစ် ၂၀ ကျော်က အမေရိကန်နိုင်ငံနှင့် ရာဇဝင်ရှိခဲ့သူလည်းဖြစ်သည်။ ၁၉၉၄ ကမ္ဘာ့ဖလားတွင် တားမြစ်ဆေးကျခဲ့ပြီး အာဂျင်တီးနားအသင်းမှ အိမ်ပြန်လွှတ်ခြင်းခံခဲ့ရသည်။ ဗီဇာလည်းပယ်ဖျက်ခံရပြီး အမေရိကန်သို့ နောက်တစ်ကြိမ်ပြန်မလာဟု ပြောဆိုခဲ့သည်။

မာရာဒိုနာသည် မတ်လတွင် ဇနီးဟောင်း ကလော်ဒီယာ ဗီလာဖိန်းနှင့် မိုင်ယာမီ၌ တရားရင်ဆိုင်ချင်နေသည်။ ၎င်း၏ ဘဏ် အကောင့်ထဲမှ ဒေါ်လာ ၉ သန်းကို ကလော်ဒီယာကခိုးထားပြီး မိုင်ယာမီတွင် အဆင့်မြင့်တိုက်ခန်းများဝယ်ယူခဲ့သည်ဟု မာရာဒိုနာက စွပ်စွဲထားသည်။

Ref; The Sun

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required