ထွက်ရှိလာပီဖြစ်တဲ့ HUAWEI nova 2iရဲ့ Software အသစ်

ထွက်ရှိလာပီဖြစ်တဲ့ HUAWEI nova 2iရဲ့ Software အသစ်

ကဲ ဒီတစ်ခေါက်တော့ ပစ္စည်းကောင်းလေးဖုန်းလေးတစ်လုံးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲ့ပစ္စည်းလေးကတော့ ဈေးကွက်ထဲကို ရောက်နေပီမို့ လူတော်တော်များများကတော့ သိပြီးနေလောက်ပါပြီ ထင်ပါတယ်နော်။  ဟော ဈေးကွက်ထဲ ရောက်နေသူလေးကတော့ HUAWEI nova 2i ဆိုတဲ့ အရမ်းကို ကောင်းမွန်တဲ့ Smartphone လေးပါပဲ။ အရင် အပတ်များစွာကလည်း အဲ့ဖုန်းလေးအကြောင်းလေးကို ပြောပြထားတာတွေ တွေ့ရမှာပါ။

အတိုချုပ်အနေနဲ့ ပြန်လည်ပြောပြရမယ်ဆိုရင်တော့ -

HUAWEI nova 2i ဖုန်းဟာဆိုရင်ဖြင့် ဒီဇိုင်းပိုင်းဆိုရင် လူကြီး လူငယ်မရွေး ကြိုက်နှစ်သက်စေပါတယ် .. ကာလာအမျိုးအစားမှာလည်း Prestige Gold (ရွှေရောင်) နဲ့ Graphite Black (အမည်းရောင်) ဆိုပီး နှစ်မျိုးထုတ်လုပ်ထားတော့ ကိုယ်ကြိုက်နှစ်သက်တဲ့ ကာလာကို ရွေးချယ်ဝယ်ယူနိုင်ပါတယ် …

ဖုန်းရဲ့ မျက်နှာပြင်အကျယ်ဟာလည်း 5.9လက်မ ရှိတဲ့ အတွက် screen ကြီးကြီးကြိုက်တဲ့သူတွေအတွက် သင့်တော်တဲ့ ဖုန်းတစ်လုံးပါပဲ .. screen ကြီးတဲ့အတွက် အင်တာနက်ပဲသုံးသုံး ဂိမ်းပဲဆော့ဆော့ ရုပ်ရှင်ပဲကြည့်ကြည့်  ဖုန်းနဲ့ပဲ စာဖတ်ဖတ် အားလုံးအတွက် အိုကေပေါ့နော်။

ဖုန်းဆိုရင် ပါးပါးပဲကြိုက်တဲ့လူတွေအတွက်ကတော့ HUAWEI nova 2i ကတော့ အထူကို 7.5 mm ရှိတဲ့အတွက် ပါးလွှာတဲ့ ဖုန်းတစ်လုံးပါပဲ … 

နောက်တစ်ခုကတော့ ကောင်းမွန်လှတဲ့ ဖုန်းကင်မရာပဲပေါ့နော် .. အခုခေတ်မှာက ဘာလေးပဲလုပ်လုပ် ကင်မရာလေးရိုက် Facebook တို့ Instagram တို့မှာ အချိန်နဲ့ တပြေးညီ တင်နိုင်ဖို့ဆိုတာကလည်း လိုအပ်လာပြီလေ … အဲ့တော့ ဖုန်းတစ်လုံးမှာ မရှိမဖြစ်လိုအပ်တဲ့ ကင်မရာအတွက်ဆိုရင်တော့ HUAWEI nova 2i ကတော့ ရှယ်ပဲနော် … သူ့ရဲ့ ထူးခြားစွာပါဝင်မှုကတော့ ကင်မရာ ၄ လုံးပါဝင်တာပါပဲ …. ကင်မရာလေးလုံး ပါဝင်တဲ့အတွက် ပြည်တွင်းမှာ ပထမဆုံး ဖုန်းတစ်လုံးလို့တောင် ပြောလို့ရပါတယ် … ကင်မရာလေးလုံးဆိုတော့ အံ့သြစရာပဲပေါ့နော် .. ဘယ်လိုမျိုးလဲဆိုတော့ အရှေ့ကင်မရာ နှစ်လုံးနဲ့ အနောက်ဘက်မှာ ကင်မရာနှစ်လုံး ပါဝင်တာဖြစ်ပါတယ် … ရှေ့ကင်မရာဟာဆိုရင်တော့ 13M + 2M ရှိပြီး အနောက်ဘက်ကင်မရာမှာဆိုရင်တော့ 16M + 2M ထိ အသုံးပြုလို့ရတဲ့ ကင်မရာအရည်အသွေးကောင်းမွန် လှတဲ့ HUAWEI nova 2i ဖြစ်ပါတယ် … Resolution အနေနဲ့ဆိုရင်လည်း 1080 x 2160 ရှိတဲ့ Quality ကောင်းမွန်တဲ့ ဖုန်းတစ်လုံးပါပဲ။

နောက်တစ်ခုကတော့ 31.1.2018 မှာ အသုံးပြုလို့ရပီဖြစ်တဲ့ Software လေးတွေ အကြောင်းကိုလည်း ပြောပြဦးမယ်နော် ..  HUAWEI nova 2i ဖုန်းဟာ AR Lens များအသုံးပြုခြင်းကြောင့် အသုံးပြုသူ၏ဓာတ်ပုံများအား နည်းလမ်းမျိုးစုံဖြင့် စိတ်ကြိုက်ဖန်တီးနိုင်ပါတယ်။  AR Lens တွင် Peking Opera မျက်နှာဖုံးများဖြင့် ဓာတ်ပုံရိုက်လို့ရတဲ့ Effects ကို ထည့်သွင်းထားကို တွေ့ရပါတယ်။ Sichuan Opera ဖြင့်လည်း မျက်နှာဖုံးများပြောင်းလဲခြင်းနဲ့ အမျိုးမျိုးသောနောက်ခံများ ပြောင်းလဲခြင်းကို ပြုလုပ်နိုင်ပါတယ်။ အမွှာပုံတူပုံစံများနှင့် နောက်ခံပုံစံများအား မိမိပြုလုပ်ချင်သလို စိတ်ကြိုက်ပေါင်းစပ်အသုံးပြုနိုင်မည်ဖြစ်ပါတယ်။ ကင်မရာပိုင်းဆိုင်ရာနဲ့ ပတ်သတ်ရင်တော့ HUAWEI nova 2i ဖုန်းကတော့ လက်မလွှတ်သင့်တဲ့ ဖုန်းအမျိုးအစားထဲမှာ ပါဝင်တာပေါ့နော်။

HUAWEI nova 2i ဖုန်းက ဒီဇိုင်းပိုင်းလည်း မိုက်တယ်။ Screen လည်း ကြီးတယ်။ ဖုန်းရဲ့ ထုထည်ကလည်း အလွယ်တကူ သယ်ယူနိုင်တဲ့ ပါးလွှားမှုရှိတယ်။ ဘတ်ထရီပိုင်းဆိုလည်း သုံးတဲ့အပေါ်မူတည်ပြီး နှစ်ရက်လောက်ကို အသာလေးသုံးလို့ ရတယ်။ Screen Unlock ဆိုရင် ကိုယ့်အတွက်အသုံးပြုဖို့ဆိုတာ လုံခြုံမှုအပြည့်ရှိတယ်။ ကင်မရာပိုင်းဆိုင်ရာမှာဆိုရင်လည်း အလှပဆုံးဓာတ်ပုံကို မှတ်တမ်းတင်ဖန်တီးနိုင်ဖို့အတွက် အရမ်းကို ကောင်းမွန်ပြည့်စုံနေပြီ။ ကဲ ဒါဆိုရင်တော့ ခြုံငုံကြည့်ရင် အရည်အသွေးကောင်း ဈေးလည်း အရမ်းမကြီး အရမ်းကို ကောင်းမွန်နေတဲ့ စွမ်းဆောင်ရည်တွေကို ပေးမှာတော့ စဉ်းစားစရာမလိုအောင်ကို ဝယ်ယူဖို့ လိုပြီလေ။ ကဲ အကောင်းဆုံးစွမ်းဆောင်ရည်တွေရှိတဲ့ HUAWEI nova 2i က 31.1.2018 ဆိုတာနဲ့ အရင် အသုံးပြုလို့မရသေးတဲ့ Software တွေကိုလည်း အသုံးပြုလို့ရနေပါပီနော် .. ကဲ ဖုန်းရှိနေသူများကတော့ software အသစ်ကို အသုံးပြုပြီး အသစ်အသစ်တွေကို ကိုင်ဆောင်ချင်တဲ့သူကတော့ မြန်မြန်လေးသာ ပြေးဝယ်လိုက်ပါတော့နော် ..

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly