ဒါရိုက်တာရှာတွေ့ခဲ့ပြီဖြစ်သည့် မင်းသားခရစ္စပရတ်၏ Cowboy Ninja Viking ရုပ်ရှင်

ဒါရိုက်တာရှာတွေ့ခဲ့ပြီဖြစ်သည့် မင်းသားခရစ္စပရတ်၏ Cowboy Ninja Viking ရုပ်ရှင်

နာမည်ကျော်ဟောလိဝုဒ်မင်းသား ခရစ္စပရတ်ကိုယ်တိုင် ထုတ်လုပ်သူနှင့် ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်မည့် Cowboy Ninja Viking ရုပ်ရှင်ရိုက်ကူးရေးအတွက် ဒါရိုက်တာရှာတွေ့ခဲ့ပြီဖြစ်ပြီး အမျိုးသမီး ဒါရိုက်တာ မစ်ရှဲလ်မက္ကလာရင်က တာဝန်ယူသွားမည်ဟု သိရသည်။

အဆိုပါ ရုပ်ရှင်သည် အေဂျေလိုင်ဘာမန်နှင့် ရိုင်လေရော့စ်မိုတို့၏ ကာတွန်းရုပ်ပြဝတ္ထုကို ဇာတ်အိမ်တည် ထားပြီး ကောင်းဘွိုင်၊ နင်ဂျာနှင့် ဗိုက်ကင်းတို့၏ ကျွမ်းကျင်မှုသုံးမျိုးကို ပိုင်ဆိုင်ထားသော လုပ်ကြံသတ်ဖြတ် သူတစ်ဦးအကြောင်း ပုံဖော်ရိုက်ကူးမည်ဟု သိရသည်။

ထိုရုပ်ရှင်ကို Universal ရုပ်ရှင်စတူဒီယိုနှင့် မင်းသား ခရစ္စပရတ်တို့က ပူးပေါင်းထုတ်လုပ်သွားမည်ဖြစ်ပြီး လာမည့် ၂၀၁၉ ခုနှစ် ဇွန်လ ၂၈ ရက်နေ့တွင် ရုံတင်ပြသသွားရန် စီစဉ်ထားသည်။

ယခုအကြိမ်သည် ခရစ္စပရတ်နှင့် Universal စတူဒီယိုတို့၏ နောက်ထပ်ပူးပေါင်းတင်ဆက်မှုတစ်ခုဖြစ်ပြီး မကြာသေးခင်ကလည်း လာမည့်ဇွန်လ ၂၂ ရက်နေ့တွင် ရုံတင်ပြသသွားရန်စီစဉ်ထားသည့် Jurassic World: Fallen Kingdom တွင်လည်း အတူလက်တွဲထားခဲ့သည်။

ဒါရိုက်တာမစ်ရှဲလ်မက္ကလာရင်သည် The X-Fiels၊ Breaking Bad၊ The Walking Dead၊ Game of Thrones နှင့် Westworld တို့ကဲ့သို့သော နာမည်ကျော်ရုပ်သံဇာတ်လမ်းတွဲများကို ရိုက်ကူးခဲ့သည့် ဝါရင့်ဒါရိုက်တာ တစ်ဦးဖြစ်သည်။

Ref: Variety

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required