စူပါမာရီယိုကို ရုပ်ရှင်အဖြစ်အသက်သွင်းရန် Nintendo ကုမ္ပဏီကြိုးပမ်း

စူပါမာရီယိုကို ရုပ်ရှင်အဖြစ်အသက်သွင်းရန် Nintendo ကုမ္ပဏီကြိုးပမ်း

ဂျပန်မှနာမည်ကျော် ဗီဒီယိုဂိမ်းများဖန်တီးနေသည့် Nintendo ကုမ္ပဏီသည် အမေရိကန်ရုပ်ရှင်စတူဒီယို Illumination Entertainment နှင့်ပူးပေါင်း၍ ၎င်းတို့၏နာမည်ကျော် စူပါမာရီယိုဇာတ်ကောင်ကို အန်နီမေးရှင်း ရုပ်ရှင်အဖြစ် ဖန်တီးနိုင်ရန် ကြိုးပမ်းနေကြောင်း ကြာသာပတေးနေ့တွင် ကြေညာခဲ့သည်။

အမေရိကန်မှ Nintendo ကုမ္ပဏီခွဲက ၎င်းတို့၏တွစ်တာ၌ “Nintendo နဲ့ Illumination တို့ဟာ ရှီဂါရုမီယာမိုတို နှင့် ခရစ္စမယ်လက်အန်ဒရီတို့ ပူးပေါင်းထုတ်လုပ်မယ့် မာရီယိုအန်နီမေးရှင်းရုပ်ရှင်ကို ဖန်တီးတော့မှာဖြစ်ပါတယ်” ဟု ရေးသားခဲ့သည်။

အဆိုပါရုပ်ရှင်ကို Universal ရုပ်ရှင်ကုမ္ပဏီမှ ဖြန့်ချီမည်ဖြစ်ပြီး ဖြန့်ချီမည့်ရက်အတိအကျကိုမူ သတ်မှတ်ရခြင်း မရှိသေးကြောင်း သိရသည်။

မီယာမိုတိုသည် မာရီယိုနှင့် Nintendo ဂိမ်းကုမ္ပဏီမှ ပိုင်ဆိုင်သည့် အခြားသော ဂိမ်းဇာတ်ကောင်များကို ဖန်တီး ခဲ့သူဖြစ်ပြီး မယ်လက်အန်ဒရီသည် Illumination Entertainment ၏ ပိုင်ရှင်ဖြစ်သည်။

Illumination စတူဒီယိုမှ ဖန်တီးထုတ်လုပ်ထားခဲ့သော နာမည်ကြီးအန်နီမေးရှင်းရုပ်ရှင်များမှာ Despicable Me ၊ Minions နှင့် The Secret Life of Pets တို့ ဖြစ်ကြသည်။

Ref: Reuters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required