ရုပ်/သံ ဥပဒေကြမ်း တစ်ပိုဒ်ချင်းအလိုက် ဆွေးနွေးအတည်ပြုမည်

ရုပ်/သံ ဥပဒေကြမ်း တစ်ပိုဒ်ချင်းအလိုက် ဆွေးနွေးအတည်ပြုမည်

နေပြည်တော် (မဇ္ဈိမ) ။ ။ နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသော ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်အမတ်နှစ်ဦးက ဩဂုတ် ၂၄ ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးမည်ဖြစ်ပြီး တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူမည်ဖြစ်သည်။

အဆိုပါ ဥပဒေကြမ်းအပေါ် လွှတ်တော်အမတ်နှစ်ဦးဖြစ်သည့် ဦးခိုင်မောင်ရည်နှင့် ဦးစိုးပိုင်တို့က ဆွေးနွေးမည်ဖြစ်သည်ဟု အစည်းအဝေး အစီအစဉ်(၁၁)တွင် ပါရှိသည်။

အဆိုပါ ဥပဒေကြမ်းတွင် အခန်းပေါင်း(၁၄)ခန်းနှင့် ပုဒ်မပေါင်း တစ်ရာကျော် ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required