အိန္ဒိယရုပ်ရှင် Padmaavat ပြသခွင့် မလေးရှားအာဏာပိုင်များ ထပ်မံပိတ်ပင်

အိန္ဒိယရုပ်ရှင် Padmaavat ပြသခွင့် မလေးရှားအာဏာပိုင်များ ထပ်မံပိတ်ပင်
 

 

အိန္ဒိယနာမည်ကြီးရုပ်ရှင် Padmaavat ကို မလေးရှားနိုင်ငံအတွင်း၌ ပြသခွင့်တားမြစ်ထားသည့်အပေါ် ပြည်သူများ၏ မေတ္တာရပ်ခံချက်အား မလေးရှားအာဏာပိုင်များက ပယ်ချခဲ့ကြသည်။

မလေးရှားနိုင်ငံဆင်ဆာဘုတ်အဖွဲ့ (LPF) သည် ယင်းဇာတ်ကားအား ပြသခွင့်ပိတ်ပင်ရန် စနေနေ့က အမိန့်ချ မှတ်ခဲ့သည်။ ထိုအမိန့်အား တနင်္လာနေ့က ထပ်မံ၍ချမှတ်ခဲ့ပြီး ယင်းရုပ်ရှင်အား   နိုင်ငံအတွင်း၌ပြသမည်မဟုတ် ကြောင်း ထပ်မံအတည်ပြုခဲ့သည်။

LPF ၏ ဥက္ကဋ္ဌဖြစ်သူက ယင်းရုပ်ရှင်သည် အစ္စလာမ်ဘာသာဝင်များအပေါ် ထိပါးနေကြောင်းနှင့် မွတ်စလင် အများစုနေထိုင်သော မလေးရှားနိုင်ငံအတွက် ယင်းရုပ်ရှင်သည် လက်မခံနိုင်စရာဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ထိုသို့ပိတ်ပင်မှုအပေါ် မလေးရှားရုပ်ရှင်ပရိတ်သတ်များက မခံမရပ်နိုင်ဖြစ်နေကြပြီး LPF အနေဖြင့် ယင်းရုပ်ရှင် ကို သေချာကြည့်ပြီးပြီလား၊ နားလည်ရဲ့လားဟု ပြန်လည်မေးခွန်းထုတ်လျက်ရှိသည်။ ဒါ့အပြင် ကမ္ဘာတစ်ဝန်း၌ နာမည်ကြီးနေသော ရုပ်ရှင်များကို ထပ်ခါတလဲလဲပိတ်ပင်နေခြင်းကြောင့် အစိုးရကိုမကျေနပ်သော ပရိသတ် များက ယင်းရုပ်ရှင်ကို အွန်လိုင်းမှတဆင့် ကြည့်ရှုကြမည်ဟု ပြောဆိုနေကြသည်။

Padmaavat ရုပ်ရှင်နှင့်ပက်သက်၍ အိန္ဒိယနိုင်ငံအတွင်း၌လည်း ဝေဖန်မှုများမြင့်တက်လျက်ရှိပြီး ယင်းရုပ်ရှင်၏ မင်းသမီးဖြစ်သူ ဒီပီကာပါဒူကိုနေးနှင့် ဒါရိုက်တာဆန်ဂျေးလီလာဘာဟန်ဆာလီတို့လည်း အသက်အန္တရာယ် ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရသည်။

ယင်းသို့ အဖက်ဖက်မှ ပိတ်ပင်မှုများ၊ ဝေဖန်မှုများရှိနေသော်လည်း Padmaavat ဇာတ်ကားသည် ပြသခဲ့သည့် အချိန်မှစ၍ ယခုအချိန်ထိ ကမ္ဘာတစ်ဝန်းမှ ရုံဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၃၀ကျော် ရရှိထားသည်။

Ref: Variety

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required