လာပေါ်တီကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် မန်စီးတီးခေါ်ယူ

လာပေါ်တီကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် မန်စီးတီးခေါ်ယူ

 

ဇန်နဝါရီ ၃၁၊ မန်ချက်စတာ။              ။ မန်ချက်စတာစီးတီးအသင်းသည် ဘီလ်ဘာအိုအသင်းမှ ပြင်သစ်နောက်ခံလူ အိုင်မရစ် လာပေါ်တီကို အသင်းစံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၅၇ သန်းဖြင့် ခေါ်ယူလိုက်သည်။

ပြင်သစ်အသင်းနှင့်ပွဲထွက်ရခြင်းမရှိသေးသော လာပေါ်တီ၏ပြောင်းရွှေ့ကြေးပါပေါင်းလျှင် ပရီးမီးယားလိဂ်ကလပ်အားလုံး၏ အပြောင်းအရွှေ့အသုံးစရိတ်မှာ ပေါင် ၂၅၂ သန်းရှိပြီဖြစ်ပြီး ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း စံချိန်တင်သုံးစွဲမှု ဖြစ်သည်။

အသက် ၂၃ နှစ်အရွယ်ကစားသမားရောက်ရှိလာခြင်းကြောင့် ပြီးခဲ့သည့်ရာသီကုန်နောက်ပိုင်းကတည်းက နောက်တန်းများနှင့် ဂိုးသမားအတွက် ဂွာဒီယိုလာသုံးစွဲသည့် ငွေကြေး ပေါင် ၂၁၅ ဒသမ ၅ သန်း ရှိသွားပြီဖြစ်သည်။

မန်စီးတီးအသင်း၏ ယခင်အများဆုံးပြောင်းရွှေ့ကြေးသုံးစွဲမှုမှာ ၂၀၁၅ ခုနှစ်က ကီဗင် ဒီဘရိုင်းကိုခေါ်ယူစဉ်ကဖြစ်ပြီး ပေါင် ၅၅ သန်း ပေးခဲ့ရသည်။

နောက်တန်းအတွင်းလူ လာပေါ်တီသည် ပြင်သစ်ယူ ၂၁ အသင်းအတွက် ၁၉ ပွဲကစားထားသည်။ “နည်းပြဂွာဒီယိုလာရဲ့ လမ်းညွှန်မှုအောက်မှာကစားသွားဖို့ ပြင်ဆင်နေပြီး အသင်းကိုအောင်မြင်မှုတွေရအောင်လည်း ကြိုးစားပေးမှာပါ။

ကျွန်တော့်ကိုယုံယုံကြည်ကြည်နဲ့ခေါ်ယူခဲ့တဲ့အသင်းအတွက် ပွဲထွက်ကစားပေးဖို့ မစောင့်နိုင်တော့ပါဘူး”ဟု လာပေါ်တီက ပြောသည်။

၂၀၁၇-၁၈ ရာသီတွင် ခံစစ်အတွက် စီးတီး၏ပြင်ဆင်မှုများ

မန်ဒီ (ဘယ်နောက်ခံလူ)          ပေါင် ၅၂ သန်း

အက်ဒါဆင် (ဂိုး)                             ပေါင် ၃၅ သန်း

ဝေါ်လ်ကာ (ညာနောက်ခံလူ)     ပေါင် ၄၅ သန်း

ဒါနီလို (နောက်တန်းအစွန်)       ပေါင် ၂၆ ဒသမ ၅ သန်း

လာပေါ်တီ (ဗဟိုနောက်ခံ)        ပေါင် ၅၇ သန်း

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly