စိတ်ကျန်းမာရေးဆေးရုံပို့မည်ဟု ပြောသောမိခင်ကို သားဖြစ်သူက ကြိုးတုပ်ရိုက်နှက်ရာမှသေဆုံး

စိတ်ကျန်းမာရေးဆေးရုံပို့မည်ဟု ပြောသောမိခင်ကို သားဖြစ်သူက ကြိုးတုပ်ရိုက်နှက်ရာမှသေဆုံး

ရန်ကုန်၊ ဇန်နဝါရီလ ၃ဝ ။            ။ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ ၂ ရပ်ကွက်၊ သီရိ ၅လမ်း၊ တိုက် ၈၂၊ ၄ လွှာတွင် ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံသို့ပို့မည်ဟု ပြောဆိုရာမှ ကြိုးဖြင့် တုတ်ကာ ထိုးကြိတ်သဖြင့် လူသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့ ဇန်နဝါရီလ ၃ဝ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ တိုက်ခန်း ၄ လွှာတွင်နေထိုင်သည့် အသက် ၇ဝ အရွယ် ဒေါ်စန်းရီက နေအိမ်ရှိ သားဖြစ်သူ အသက် ၄၆ နှစ်အရွယ် ကျော်ရင်ဆိုသူကို အရက်ကြောင်ကြောင်နေသဖြင့် ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံ သို့ပို့မည် ဟု ဇန်နဝါရီလ ၂၉ ရက်၊ နံနက် ၁ဝ ခန့်တွင် ပြောဆိုခဲ့ကြောင်း သိရသည်။

ထိုသို့ ရွာသာကြီးဆေးရုံသို့ ပို့မည်ဟုပြောဆိုခဲ့ရာ ကျော်ရင်ဆိုသူက ဒေါ်စန်းရီအား မျက်နှာသုတ်ပုဝါဖြင့်အုပ်၊ လက်သီးဖြင့်ထိုး၊ ခြေထောက်နှင့် လက်တို့အား စောင်နှင့်လွယ်အိတ်ကြိုးတို့ဖြင့်တုတ်နှောင်ကာ လည်ပင်းအား စိတ်ပုတီးဖြင့် ချည်ခဲ့ကြောင်း ရဲထုတ်ပြန်ချက်တွင်ပါရှိသည်။

ထိုကြောင့် ဒေါ်စန်းရီမှာ နဖူးပွန်း၊ ဝဲ/ယာမျက်လုံး နီရဲ၊ နှုတ်ခမ်းဖူးရောင်၊ ပါးစပ်သွေးထွက်၊ လည်ပင်း ကြိုးပွန်း ဒဏ်ရာများရရှိခဲ့ပြီး ကမာရွတ်မြို့နယ်၊ သုခကမ္ဘာဆေးရုံသို့ ပို့ဆောင်ရောက်ရှိစဉ် သေဆုံးသွားခဲ့သည်။

ထိုသို့ သေဆုံးသွားခဲ့သဖြင့် လက်ရှိတွင် အသက် ၄၆ နှစ်အရွယ် ကျော်ရင်အား ပိတောက်ချောင်း နယ်မြေ ရဲစခန်းတွင် (ပ)၇၅/၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၃ဝ၂ (လူသတ်မှု)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required