သီချင်းအယ်လ်ဘမ်အသစ်အတွက် ပြင်ဆင်နေကြောင်း အဆိုတော်မလေး Dua Lipa ပြောဆို

သီချင်းအယ်လ်ဘမ်အသစ်အတွက် ပြင်ဆင်နေကြောင်း အဆိုတော်မလေး Dua Lipa ပြောဆို

 

အသက် ၂၂နှစ်အရွယ်ရှိ အင်္ဂလိပ်အဆိုတော်မလေး Dua Lipa က သူမသည် သီချင်းအယ်လ်ဘမ်အသစ် အတွက်ပြင်ဆင်နေကြောင်း ဂရမ်မီဂီတဆုပေးပွဲမကျင်းပမီတွင် ပြုလုပ်ခဲ့သော အင်တာဗျူးထဲ၌ ပြောဆိုခဲ့သည်။

New Rules ဆိုသောသီချင်းဖြင့် Billboard ၏ ပေါက်သီချင်း ၁၀၀ ဇယား၏ ထိပ်ဆုံးသီချင်း ၁၀ ပုဒ်ထဲ၌ ပါဝင် နိုင်ခဲ့သော Lipa က သူမသည် ထိုသီချင်းအတွက် အလွန်အမင်းကို ပျော်ရွှင်ကြည်နူးရကြောင်း ပြောဆိုခဲ့သည်။

ဒါ့အပြင် သူမ၏ပွဲဦးထွက် သီချင်းအယ်လ်ဘမ်နှင့်ပက်သက်၍ “ကျွန်မရဲ့အကြောင်းလေးတွေကို အဲဒီ့အခွေထဲ ထည့်သွင်းသီဆိုထားခဲ့ပါတယ်။ တစ်စုံတစ်ဦးက ကျွန်မလိုမျိုးခံစားရပြီးတော့ ကျွန်မတို့အားလုံး ဘာမှမကွာခြားဘူး ဆိုတာကို သိနိုင်မလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ပေါ့။ အဲဒီ့အတွက်လည်း ကျွန်မဂုဏ်ယူရသလို ဒါဟာ ကျွန်မ အတွက်တော့ ကောင်းမွန်တဲ့မိုင်တိုင်လေးတစ်ခုပါပဲ” ဟု ပြောဆိုခဲ့သည်။

ဆက်လက်ပြီး သူမ၏ သီချင်းအယ်လ်ဘမ်အသစ်နှင့်ပက်သက်၍ “နောက်ထပ်သီချင်းခွေအသစ်ထွက်နိုင်ဖို့ ကျွန်မဘက်ကပြင်ဆင်နေပါတယ်။ သီချင်းအသစ်တွေဖန်တီးဖို့လည်း အသင့်ဖြစ်နေပါပြီ။ ပေါ့ပ်သီချင်းအမျိုး အစားတွေပဲဖြစ်မှာပါ။ ခံစားမှုအသားပေး ဂီတအမျိုးအစားတွေကို ဖန်တီးဖို့လည်း အားသန်ပါတယ်” ဟု Lipa က ပြောဆိုခဲ့သည်။

Ref: Billboard

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required