လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခံရမှု ဆန့်ကျင်ရေးအဖွဲ့ထံ ဂျွန်လဲဂျန့်တို့ဇနီးမောင်နှံ ဒေါ်လာနှစ်သိန်းခန့်လှူဒါန်း

လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခံရမှု ဆန့်ကျင်ရေးအဖွဲ့ထံ ဂျွန်လဲဂျန့်တို့ဇနီးမောင်နှံ ဒေါ်လာနှစ်သိန်းခန့်လှူဒါန်း

 

အဆိုတော်ဂျွန်လဲဂျန့်နှင့် သူ၏ဇနီးဖြစ်သူ ခရစ်စီတိုင်ဂျန်တို့နှစ်ဦးသည် လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်စော်ကားမှု များနှင့် နှောင့်ယှက်မှုများကို ဆန့်ကျင်တိုက်ဖျက်နေသော Time’s Up အဖွဲ့၏ #MeToo လှုပ်ရှားမှုအတွက် အမေရိကန်ဒေါ်လာနှစ်သိန်းခန့် ထည့်ဝင်လှူဒါန်းခဲ့သည်။

ယင်းသို့လှူဒါန်းခြင်းမှာ မကြာသေးခင်က ထောင်ဒဏ်နှစ် ၁၀၀ ကျော် ချမှတ်ခံခဲ့ရသည့် အားကစားဆရာဝန် ဒေါက်တာလာရီနက်စ်ဆာ၏ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်စော်ကားခံခဲ့ရသော အားကစားမယ် တစ်ရာကျော် အတွက် အကူအညီပေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအဖွဲ့ထံသို့ ယခုလိုငွေကြေးလှူဒါန်းခဲ့ဖူးသော အခြားနာမည်ကျော်အနုပညာရှင်များထဲ၌ တေလာဆွစ်၊ ရက်စ်စီဝှစ်သာစပွန်းနှင့် ဂျနီဇာအန်နစ္စတန်တို့လည်း ပါဝင်ကြသည်။

Time’s Up အဖွဲ့သည် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားမှုများ၊ ခွဲခြားဆက်ဆံမှုများကို ဆန့်ကျင်တိုက်ဖျက် ရန်အတွက် ရည်ရွယ်ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ပြီး နာမည်ကျော်အနုပညာရှင်များ အဖွဲ့ဝင်အဖြစ်ပါဝင်သော ထိုအဖွဲ့သည် တစ်လအတွင်း အမေရိကန်ဒေါ်လာ ၁၉ သန်းကျော်ခန့် အလှူငွေရရှိခဲ့သည်။

Ref: Billboard

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required