နီနီခင်ဇော် ၏ ဒုတိယမြောက် တစ်ကိုယ်တော် ဖျော်ဖြေပွဲ "Retro RED Volution"

နီနီခင်ဇော် ၏ ဒုတိယမြောက် တစ်ကိုယ်တော် ဖျော်ဖြေပွဲ "Retro RED Volution"

ရန်ကုန် ၊ ဇန်နဝါရီ ၃၀ ။            ။ အဆိုတော် နီနီခင်ဇော် သည် ၎င်း၏ ဒုတိယမြောက် တစ်ကိုယ်တော် ဖျော်ဖြေပွဲ "Retro RED Volution" ဟု အမည်ပေးထားသည့် ဖျော်ဖြေပွဲကို ဧပြီ ၇ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသားကဇာတ်ရုံတွင် ကျင်းပ ပြုလုပ်မည် ဖြစ်သည်။

“RedVolution Show'' ပွဲတွင် အဆိုတော် နီနီခင်ဇော်က ခေတ်ဟောင်းသီချင်း ''Retro'' theme ၊ Retro Fashion တွေ နှင့်အတူ ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး တေးသီချင်း တစ်ချို့ကိုလည်း ပုံစံအသစ်ဖြင့် ဖန်တီး ဖျော်ဖြေမည် ဂီတ နှင့် ဖက်ရှင်ကို တွဲဖက်ကြည့်ရှု ခံစားရမည် ဖြစ် သည်။

တစ်ခေတ်တစ်ခါ ၁၉၉၀ ပြည့်နှစ်ဝန်းကျင်မှ ခေတ်စားခဲ့သည့် Classic Music ၊ Jazz တေးဂီတ ၊ Pop ဂီတ ၊ Soul နှင့် Swing တေးဂီတ တွေကို အကတွေ နှင့်အတူ ထူးခြားဆန်းသစ်အောင် စီစဉ်ထားပြီး Stage ဒီဇိုင်း အပြင်အဆင် ကိုလည်း Retro ပုံစံ အသားပေးပြင်ဆင်ထားသည့်အတွက် အနောက်တိုင်းစတိုင် ပြဇာတ်ရုံ ထဲ ရောက်သွား သလို ခံစားရမည် ဖြစ်သည်။

အဆိုတော် နီနီခင်ဇော် သည် ၎င်း၏ ပထမဆုံး REDvolution Show Solo Concert ဖျော်ဖြေပွဲကြီးကို ၂၀၁၇ ခုနှစ် ဧပြီ ၁ရက်တွင် ပြည်သူ့ရင်ပြင်၌ ကျင်းပ ပြုလုပ်ခဲ့ပြီး ပရိသတ် အားပေးမှု ရရှိခဲ့သည့် ပွဲတစ်ခုလည်း ဖြစ် သည်။

"Retro RED Volution" ဖျော်ဖြေပွဲ အတွက် Pre Order ကို ဖေဖော်ဝါရီ ၁ရက်တွင် စတင် မှာယူဝယ်ယူ ရရှိနိုင် မည် ဖြစ်ပြီး ၁၄ရက်အထိ မှာယူနိုင်မည် ဖြစ်သည်။ ဖေဖော်ဝါရီ ၁၈ရက် မှာတော့ Pre Order မှာယူပြီး ကျန်ရှိ နေသည့် နေရာများအတွက် လက်မှတ်များကို ဆိုင်များတွင် ရောင်းချပေးသွားမည် ဖြစ်သည်။

ကြည့်ရှုမည့် ပရိသတ်များအတွက် အဆိုတော် နီနီခင်ဇော်က လက်မှတ်ဈေးနှုန်းများကို တစ်စောင်လျှင် တစ်သောင်းကျပ်မှ စတင် သတ်မှတ်ပေးထားပြီး VVIP အထိ လက်မှတ်များကို သတ်မှတ် ပေးထားမည် ဖြစ်သည်။

၎င်းအနေဖြင့် ဂီတ နှင့် ပတ်သက်ပြီး ပရိသတ်များကြား အောင်မြင်မှု ရရှိနေသလို ပြင်ပ စီးပွားရေး အနေဖြင့် Super Red အမည်ဖြင့် ကိုယ်ပိုင် Cosmetic များကို ထုတ်လုပ်ရောင်းချလျက် ရှိသည့် အဆိုတော်တစ်ဦး ဖြစ်သည်။

အဆိုတော် နီနီခင်ဇော် သည် ၎င်း၏ ပထမဆုံး တစ်ကိုယ်တော် တေးအယ်ဘမ် အဖြစ် မာရီယို ဟု အမည်ပေး ထားသည့် တစ်ကိုယ်တော် အယ်ဘမ်ကို ထွက်ရှိခဲ့သလို ဒုတိယမြောက် တစ်ကိုယ်တော် တေးအယ်ဘမ် အဖြစ် အနီရောင် ဟု အမည်ပေးထားသည့် အယ်ဘမ် နှင့် ယခုနောက်ဆုံးတွင် U ဟု အမည်ပေးထားသည့် တစ်ကိုယ်တော် အယ်ဘမ်ကို ထွက်ရှိထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly