တိုးတက်မှုမရှိလျှင် ချန်ပီယံလိဂ်နှင့်ထပ်လွဲနိုင်ဟု အသင်းဖော်များကို ပီတာချက်သတိပေး

တိုးတက်မှုမရှိလျှင် ချန်ပီယံလိဂ်နှင့်ထပ်လွဲနိုင်ဟု အသင်းဖော်များကို ပီတာချက်သတိပေး

 

ဇန်နဝါရီ ၃၀၊ လန်ဒန်။              ။ အာဆင်နယ်အသင်းအနေဖြင့် လက်ရှိအနေအထားထက်ပိုမိုတိုးတက်ရမည်ဖြစ်ပြီး သို့မဟုတ်ပါက ချန်ပီယံလိဂ်နှင့်ထပ်မံ လွဲချော် နိုင်သည်ဟု ဂိုးသမားပီတာချက်က အသင်းဖော်များကို သတိပေးလိုက်သည်။

လက်ရှိတွင် အဆင့် ၆ နေရာရပ်တည်နေသော အာဆင်နယ်အသင်းအနေဖြင့် ထိပ်သီးလေးသင်းစာရင်းပြန်ဝင်ရန် လုံလောက်သည့်ခြေစွမ်းမရှိသေးဟုလည်း ဂိုးသမားကဝန်ခံသည်။

အာဆင်နယ်အသင်းအနေဖြင့် အနှစ် ၂၀ ကြာကျင်လည်ခဲ့သော အာဆင်နယ်အသင်းအနေဖြင့် ယင်းပြိုင်ပွဲနှင့် နောက်ထပ် တစ်နှစ်ထပ်လွဲရမည့်အရေးနှင့်ရင်ဆိုင်နေရသည်။

“ကျွန်တော်တို့ဟာ ချန်ပီယံလိဂ်ပြိုင်နေကျအသင်းပါ။ ချန်ပီယံလိဂ်ဝင်ခွင့်မရတဲ့နှစ်တွေကို မဖြတ်သန်းချင်ပါဘူး။ ဒါပေမဲ့ လိဂ်က ပြိုင်ဆိုင်မှုပြင်းထန်လာလို့ အဆင့်  ၄ အတွင်းဝင်ဖို့က တစ်နှစ်ထက်တစ်နှစ်ပိုခက်လာပါတယ်။

ဒီရာသီမှာ ကျွန်တော်တို့ဟာ ပွဲတော်တော်များမှာ ကျွန်တော်တို့ရှိသင့်တဲ့ခြေစွမ်းမျိုးကို မရခဲ့ပါဘူး။ ဒါကို လက်ကျန်ပွဲတွေမှာ ပြုပြင်ဖို့လိုပါတယ်။ အမှတ်တွေရနိုင်သလောက်ရယူထားသင့်ပါတယ်”ဟု ပီတာချက်ကဆိုသည်။

Ref; Mirror

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required