ဂျပန်ရှိ အမေရိကန်စစ် အခြေစိုက်စခန်းတွင် မီးလောင်မှုဖြစ်ပွား

ဂျပန်ရှိ အမေရိကန်စစ် အခြေစိုက်စခန်းတွင် မီးလောင်မှုဖြစ်ပွား

ဂျပန်နိုင်ငံ ဆာဂါမီဟာရာ အရပ်တွင်ရှိသော အမေရိကန်စစ်အခြေစိုက်စခန်းတွင် ပေါက်ကွဲမီးလောင်မှုဖြစ်ပွား၍ ဂျပန်မီးသတ်သမားများက ငြှိမ်းသတ်ခဲ့ရသည်။

ယင်းမီးလောင်ကျွမ်းမှုအတွင်း ဒဏ်ရာရသူသတင်းမကြားသိရသေးပေ။ ညလယ်ကျော်တွင် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး နာရီအတန်ကြာ မီးကိုငြှိမ်းသတ်ခဲ့ရသည်။

မီးလောင်မှုဖြစ်ပွားရသည် တိုကျိုမြို့မှ အနောက်တောင်ပိုင်း ကီလိုမီတာ ၄၀ အကွာရှိ အမေရိကန်စစ်အခြေစိုက်စခန်းတွင်ဖြစ်သည်။

စခန်းရှိ ကုန်လှောင်ရုံတွင် နိုက်ထရိုဂျင်၊ အောက်ဆီဂျင်နှင့် ဖရီယွန်ဓာတ်ငွေ့များသိုလှောင်ထားရှိရာတွင် မီးပေါက်ကွဲလောင်ကျွမ်းခြင်းဖြစ်သည်ဟု အမေရိကန်စစ်တပ် ကပြောသည်။ပေါက်ကွဲရသည့် အကြောင်းအရင်းကို အာဏာပိုင်များက စုံစမ်းဆဲဖြစ်သည်။

အဆိုပါကုန်လှောင်ရုံတွင် လက်နက်ခဲယမ်းများနှင့် အန္တရာယ်ရှိ ဓာတုဓာတ်ငွေ့များ သိုလှောင်ထားခြင်းမရှိကြောင်းလည်း အမေရိကန်တာဝန်ရှိသူများက ပြောသည်။

ပေါက်ကွဲသံများကို ဆယ်မိနစ် ဆယ့်ငါးမိနစ်အထိ ဆက်တိုက်ကြားနေရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"လိမ္မော်ရောင်မီးတောက်တွေ အထက်ကို တက်လာတာတွေ့ရတယ်။ မီးခိုးတော့မတွေ့ရပဲ သေနတ်ယမ်းနံ့မျိုးကို အနံ့ခံရတယ်။"ဟု ယင်းဒေသခံအမျိုးသမီးက ပြောခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required