ဂရမ်မီဆုပေးပွဲ၌ ဆုအများအပြား သိမ်းပိုက်နိုင်ခဲ့သည့် အဆိုတော်ဘရူနိုမားစ်

ဂရမ်မီဆုပေးပွဲ၌ ဆုအများအပြား သိမ်းပိုက်နိုင်ခဲ့သည့် အဆိုတော်ဘရူနိုမားစ်

အမေရိကန်ပြည်ထောင်စု နယူးယောက်စီးတီး၌ တနင်္ဂနွေနေ့တွင်ကျင်းပခဲ့သော အကြိမ် ၆၀မြောက် ဂရမ်မီ ဂီတဆုပေးပွဲ၌ အဆိုတော်ဘရူနိုမားစ်က အခြားနာမည်ကြီးအဆိုတော်များကို ကျော်ဖြတ်ကာ ဆုအများအပြား ကိုသိမ်းပိုက်နိုင်ခဲ့သည်။

R&B အဆိုတော် ဘရူနိုမားစ်သည် သူ၏ပေါက်သီချင်းဖြစ်သော “That’s What I Like” ဖြင့် တစ်နှစ်တာ အကောင်းဆုံးသီချင်းဆုနှင့် သူ၏ အယ်လ်ဘမ်ဖြစ်သော “24K Magic” ဖြင့် တစ်နှစ်တာအကောင်းဆုံး အယ်လ် ဘမ်ဆုအပါအဝင် ဂရမ်မီအဓိကဆုကြီး ၆ ဆုခန့် ဆွတ်ခူးခဲ့သည်။

သူသည် အခြားနာမည်ကြီးအဆိုတော်များဖြစ်ကြသော ခန်ဒရစ်လာမားနှင့် ဂျေဇီတို့ကိုကျော်ဖြတ်ကာ ယခုလို ဆုများဆွတ်ခူးခဲ့ခြင်းလည်းဖြစ်သည်။

ဘရူနိုမားစ်က တစ်နှစ်တာအကောင်းဆုံး အယ်လ်ဘမ်ဆုအတွက် ယှဉ်ပြိုင်ခဲ့ရသည့် သူ၏ပြိုင်ဘက်များဖြစ် သော ဂျေဇီ၊ လာမား နှင့် လော်ဒီတို့အား “ကမ္ဘာကြီးကို ခင်ဗျားတို့ရဲ့ဂီတတွေနဲ့ ခြယ်သပေးနေတဲ့အတွက် ခင်ဗျားတို့ကို ကျေးဇူးအများကြီးတင်ပါတယ်” ဟု ဆုလက်ခံရယူစဉ်တွင် ချီးမွမ်းစကားပြောဆိုခဲ့သည်။

ယခုနှစ်ဂရမ်မီဆုပေးပွဲ၌ ဆုအများစုကို အမျိုးသားအဆိုတော်များက သိမ်းပိုက်နိုင်ခဲ့ပြီး အလက်စီရာကာရာက အကောင်းဆုံးမျက်နှာသစ်အဆိုရှင်ဆုကို ရယူနိုင်ခဲ့ကာ သူမသည် ဂရမ်မီဆုပေးပွဲ၌ အဓိကဆုကြီးကို ဆွတ်ခူး  နိုင်ခဲ့သည့် တစ်ဦးတည်းသော အမျိုးသမီးအဆိုတော်ဖြစ်ခဲ့သည်။

နယူးယောက်စီးတီးရှိ မက်ဒီဆန်စကွဲဂါးဒန်း၌ကျင်းပခဲ့သော ယခုနှစ်ဂရမ်မီဂီတဆုပေးပွဲ၌ နာမည်ကြီး အဆိုတော်အများအပြားက သီဆိုဖျော်ဖြေပေးခဲ့သည်။

Ref: Reuters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required