ဇန်နဝါရီလ ၂၈ ။ ။ မြန်မာ-အိန္ဒိယ ၂ နိုင်ငံယဉ်ကျေးမှု ဖလှယ်ရေးအစီအစဉ်အရ မန္တလေးတိုင်းဒေသကြီး အမျိုးသမီးအသင်းနှင့် မဏိပူရပြည်နယ် အမျိုးသမီးအသင်းတို့ မြန်မာ-အိန္ဒိယချစ်ကြည်ရေး အမျိုးသမီးဘောလုံးပြိုင်ပွဲ ဒုတိယနေ့ အဖြစ် ဇန်နဝါရီလ ၂၈ ရက်၊မွန်းလွဲ ၃ နာရီက မန္တလေးမြို့ မန္တလာသီရိအဆင့်မြင့်အားကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ကြသည်။
ယနေ့ ပွဲစဉ်တွင် မန္တလေးတိုင်းဒေသကြီး အမျိုးသမီးအသင်းက အိန္ဒိယနိုင်ငံကိုယ်စားပြု မဏိပူရပြည်နယ် အမျိုးသမီးအသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
ယမန်နေ့က မြန်မာနိုင်ငံကိုယ်စားပြု စစ်ကိုင်းတိုင်းဒေသကြီးအမျိုးသမီးအသင်းနှင့် အိန္ဒိယနိုင်ငံကိုယ်စားပြု မဏိပူရပြည်နယ် အမျိုးသမီးတို့ယှဉ်ပြိုင်ကစားကြရာ မဏိပူရပြည်နယ်အမျိုးသမီးအသင်းက စစ်ကိုင်းတိုင်း ဒေသကြီး အမျိုးသမီး အသင်းကို ၇ ဂိုး၊ဂိုးမရှိဖြင့် အနိုင်ရရှိထားသည်။
မြန်မာ- အိန္ဒိယ အမျိုးသမီးဘောလုံးအသင်းများ နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် ဇန်နဝါရီလ ၂၇၊ ၂၈ ရက်တို့တွင် မန္တလေးမြို့၊ မန္တလာသီရိ အားကစားကွင်း၌ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီး အမျိုးသမီးအသင်း ၊ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားကြ မည် ဟု ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ဇန်နဝါရီလ ၂၃ ရက်က ထုတ်ပြန်ထားသည်။