အတုများတဲ့မြို့မှာ မိဘမေတ္တာဖွွဲ့သီချင်းပါတယ်လို့ ဆိုလာတဲ့ တေးသံရှင်ဝေလ

အတုများတဲ့မြို့မှာ မိဘမေတ္တာဖွွဲ့သီချင်းပါတယ်လို့ ဆိုလာတဲ့ တေးသံရှင်ဝေလ

 

ရန်ကုန် ဇန်နဝါရီ ၂၇ ။         ။ တေးသံရှင်ဝေလက "အတုများတဲ့မြို့" ဆိုတဲ့ တေးစီးရီးသစ်ကို ဒီကနေ့ စတင်မိတ်ဆက်လိုက်ပြီး မိဘမေတ္တာဖွဲ့ သီချင်း လေးတစ်ပုဒ် ဖြစ် တဲ့ "အများကြီးပေးသူ ဘာမှမရသူ" သီချင်းလေး တစ်ပုဒ်ကိုလည်း ထူးထူးခြားခြား သီဆိုဖြစ်တယ်လို့ ဝေလက ဆိုပါတယ်။

ဒီစီးရီးထဲမှာ " အများကြီးပေးသူ ဘာမှမရသူ သီချင်းကတော့ အကြာင်းအရာလေးတစ်ခုပါ၊ မယ်လိုဒီပိုင်း ကတော့ ရိုးချင်ရိုးနိုင်ပါတယ်၊ ဒါပေမယ့် ကျွန်တော်က ဒီသီချင်းလေးကို နားထောင်လိုက်တဲ့ လူ တစ်ယောက်က ဒီသီချင်းလေးနားထောင်ပြီးတော့ ကိုယ့်မိဘကို သတိတရလေးဖြစ်သွားရင် ရေးရကျိုး လည်းနပ်တယ်၊ ဆိုရကျိုးလည်း နပ်ပါတယ်" လို့ တေးသံရှင်ဝေလက ဆိုပါတယ်။

ရန်ကုန်မြို့၊ Ochid ဟိုတယ်မှာ ဒီကနေ့ ဇန်နဝါရီ လ ၂၇ ရက်နေ့၊ နေ့လည်ပိုင်းက သူ့အခွေသစ်မိတ်ဆက်ပွဲ ပြုလုပ်ခဲ့တာပါ။ "အတုများတဲ့မြို့" ဆိုတဲ့တေးစီးရီးသစ်မှာ ဝေလက Single Album အနေနဲ့ သူကိုယ်တိုင် ရေးသား သီဆိုထားတဲ့ လက်ရွေးစင် ၁၅ ပုဒ်ထဲက ၁၀ ပုဒ်ကို ထုတ်နှုတ်သီဆိုထားပါတယ်။

" ဒီခွေက ကျွန်တော် အဓိပတိဖွားထွက်ကတည်းကဆိုတော့ ၁ နှစ်ခွဲအချိန်ယူရတယ်၊ အဓိပတိဖွား တောင် ၂ နှစ် နီးပါးရှိနေပြီဆိုတော့လေ၊ အခွေတိုင်း အခွေတိုင်းတော့ ကိုယ်တတ်သလောက်ကလေးနဲ့ ကြိုးစားတာပဲ၊ ဒီခွေလည်း အဲဒီလိုပဲ ရေးလိုက်တီးလိုက်နဲ့ အဲဒီထဲက ကြိုက်တဲ့ ၁၀ ပုဒ် သေချာရွေးထုတ်လိုက်တာပဲ" လို့ တေးသံရှင်ဝေလက ပြောပါ တယ်။

“ မိတ်ကပ်မကြိုက်သောသီချင်းများ” အပါအဝင် တေးစီးရီးတွေ ထုတ်ခဲ့တဲ့ ဝေလရဲ့ ၅ ခွေမြောက် တေးစီးရီးလည်း ဖြစ်တဲ့ "အတုများတဲ့မြို့" တေးစီးရီးသစ်ကို Bo Bo Music Production ကနေ လာမယ့် ဖေဖော်ဝါရီ လ ၁ ရက်နေ့မှာ စတင် ဖြန့်ချိသွားမယ်လို့ သိရပါ တယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly